ကယ်တင်ရှင် နင်မုန့်ကို တွေ့လိုက်တဲ့အခါမှ မန်နေဂျာကိုယ်တိုင် စိတ်သက်သာရာ ရသွားလေသည်။ သူမ ပထမဆုံး လုပ်လိုက်တာက စားပွဲပေါ်ရှိ ထောက်ခံချက်စာရွက်စာတမ်းကို ကြည့်လိုက်တာ ဖြစ်လေ၏။ လင်းချင်ပေ့ကို ကမ်းလှမ်းထားတဲ့ ကုန်ပစ္စည်းမှာ မိန်းကလေး လစဉ်သုံးပစ္စည်း ဖြစ်နေလေသည်။

"..."

ဒီပစ္စည်းက အမျိုးသမီးအတွက် ရည်ရွယ်တာမို့ ထိပ်တန်းမင်းသမီးက အဆင်ပြေတာ ဖြစ်လေသည်။ လင်းချင်ပေ့ ပါရမယ်ဆိုတဲ့ အပိုင်းကတော့ လုံးဝကို အဓိပ္ပာယ်ရှိမနေပေ။

"ဒီတော့ ရှင်သဘောတူတယ်ပေါ့" နင်မုန့် မေးလိုက်သည်။

အစည်းအဝေးခန်းမထဲသို့ နင်မုန့် ‌လျှောက်လာသည့် ခနအတွင်းမှာပဲ လင်းချင်ပေ့က စိတ်လှုပ်ရှားစွာ မော့ကြည့်လာပြီး ခေါင်းညိမ့် တုံ့ပြန်ပြလေ၏။

"ရှင်က ဘာရာသီခွင်လဲ။ သခွာသီးလား ဝက်အူလှည့်လား"

"ဘာ"

"ရှင့်ကို ကျွန်မ ရိုက်ပေးရမလား ရစ်ပေးရမလား"

"....."

"အရင်က ကျွန်မပြောခဲ့တာကို ရှင်နားရော ထောင်ရဲ့လား။ ကျွန်မ ပြောခဲ့တာက ရှင်လုပ်စရာဆိုလို့ သီချင်းအပေါ် အာရုံစိုက်ရုံပဲလို့ တခြားအရာတွေ အကုန် ဘာမှဂရုစိုက်စရာ မလိုဘူး! ဒီလိုပစ္စည်းမျိုးအတွက် ရှင်က ဘယ်လိုလုပ်ပြီး ဟုတ်ကဲ့လို့ ပြောနိုင်ရတာလဲ။ ဒီကြေငြာက ရှင် ပိုပြီး နာမည်ကြီးလာတဲ့ တနေ့ကျရင် အိမ်မက်ဆိုးလို လိုက်ပြီး ‌ခြောက်လှန့်နေလိမ့်မယ်!" နင်မုန့် ပြောလိုက်သည်။

"ကုမ္ပဏီက ငါ့အတွက် အများကြီး ရင်းနှီးမြှုပ်နှံထားတာလို့ ဘော့စ်ချောင်က ပြောတယ်။ သူမ မေးလာတဲ့အရာကို မလုပ်ပေးလိုက်ရရင် ငါ မကောင်းဘူးလို့ ခံစားရလို့" လင်းချင်ပေ့ ပြန်ဖြေလိုက်သည်။

ချောင်ရွှယ်ဟွာက လင်းချင်ပေ့ကို ဖျက်စီးချင်နေတယ်ဆိုတာ နင်မုန့် သဘောပေါက်လိုက်၏။

"သူမ ပြောတာကို ရှင်တကယ်ယုံတယ်လား။ သူမက ကောင်းကင်ပေါ်က ဆိုတာရော ရှင် မသိဘူးလား"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Onde histórias criam vida. Descubra agora