အခန်း-၁၃(အမျက်​​ဒေါသ)

Start from the beginning
                                    

" မင်း ဘယ်အချိန် အိပ်ရာကနိုးတာလဲ ? "

ဖရဲသီး​လေးက ငိုထားလွန်းတာ​ကြောင့် ကြို့ထိုး​နေတုန်းပင်ဖြစ်သည်။ဒါ​ပေမယ့် သူ ​ပေါ်ယွီကို မြင်လိုက်ရတဲ့အခါ ဖရဲသီး​လေးရဲ့စိတ်အ​ခြေအ​နေက ပိုပြီးအဆင်​ပြေလာသည်။   " နိုးတာကြာပြီ ၊ သား ပါးပါးကို ရှာမ​တွေ့ဘူးရယ် "

​ပေါ်ယွီ ​ဖြေလိုက်သည်။   " ပါးပါး အပြင်ထွက်ပြီး ​ပြေးတာ မ​တော်တဆ လမ်း​ပျောက်သွားလို့ ၊ ပါးပါး ​တောင်းပန်ပါတယ် ဖရဲသီးလေး "

ဖရဲသီး​လေးက ၀မ်းနည်း​နေတုန်းပဲ ဆို​ပေမယ့် သူ ​​ထောက်ထားညှာတာစွာပဲ ပေါ်ယွီရဲ့နဖူး​ပေါ်က ​ချွေး​တွေကို သူ့လက်​လေးနဲ့ သုတ်​ပေးလာသည်။   " ပါးပါး ​ကျေးဇူးပြုပြီး ​ပြေးဖို့မသွားပါနဲ့​တော့ "

လိမ်​ပြောရာမှာ အရမ်းကျွမ်းကျင်​နေတဲ့ ​ပေါ်ယွီက​တော့ သူ့သား​လေးရဲ့နူးညံ့တဲ့မျက်နှာကိုကြည့်ပြီး လိပ်ပြာမလုံကာ အပြစ်ရှိစိတ်မျိုး နည်းနည်းမှမဖြစ်ဘဲ ​ခေါင်းငြိမ့်ပြလိုက်သည်။   " ပါးပါး ​နောက်တစ်ခါ ​ပြေးဖို့ ထွက်မသွား​တော့ဘူး "

တကယ်လို့ အဲဒီ​ထောင်​ချောက်ထဲမှာသာ သူ ​နောက်တစ်ကြိမ် မိသွားရင် သူ အရူးတစ်​ယောက်ဖြစ်သင့်​နေပြီ !!!

ရုတ်တရက် ​ဘေးက​နေ တန်တန်က ​ပြေးလာပြီး ခုန်ဆွခုန်ဆွလုပ်ကာ သူ့သွား​လေး​တွေနဲ့ ​ပေါ်ယွီရဲ့ရှပ်အင်္ကျီအနားစကို ကိုက်ဆွဲ​နေသည်။တန်တန်ဟာ ​သေခြင်းတရားက နီးကပ်လာတာကို မသိဘဲ မျက်နှာချို​သွေး​နေ​လေသည်။

​ပေါ်ယွီက ဖရဲသီး​လေးကို ​အောက်ချ​ပေးလိုက်ပြီး ​နောက်လှည့်ကာ တန်တန်ကို ဖမ်းကိုင်လိုက်သည်။အဲဒီ​နောက် သူ တန်တန်ကို ​ရေချိုးခန်းအပြင်ဘက်ဆီ ကန်ထုတ်ပစ်လိုက်သည်။

ဖရဲသီး​လေးဟာ မှန်​ရှေ့က မှန်တင်ခုံ​ပေါ်မှာ ထိုင်​နေပြီး ​ပေါ်ယွီဆီကို ​ပွေ့ဖက်​ပေးဖို့ လက်လှမ်းလိုက်သည်။သူက ​​ပေါ်ယွီရဲ့​ခေါင်း​လေးကိုသာ ဖက်မထားရရင် သူ လုံခြုံတယ်လို့ မခံစားရ​ပေ။

​​ပေါ်ယွီ ဖရဲသီး​လေးကို ​ပွေ့ဖက်​ပေးလိုက်သည်။သူ မ​နေ့ညက တစ်ညလုံး ပြန်မလာခဲ့​ပေ။အကယ်၍ မဟုတ်လျှင် ဖရဲသီးလေးလည်း ဒီလိုမျိုး ဖြစ်​နေမှာမဟုတ်​ချေ။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now