Eighteenth🍂🌻

721 92 28
                                    

FINAL




Unicode

ဆောင်းတစ်ခုပြီးတော့ နွေ၊ ပြီးရင် မိုး၊ ဆောင်း ပြီးတော့ထပ်ပြီး နွေ အဲ့လိုနဲ့ လည်ပတ်ရင်း နောက်ထပ်သော နွေတစ်ခုက ပြန်လည်ရောက်ရှိလာသည် ။

နွေမနက်ခင်းရဲ့ နေရောင်ခြည်က စူးရှပေမဲ့ အိပ်ရေးမဝသေးတဲ့သူအတွက်ကတော့ အနှောက်အယှက်ဖြစ်ဖို့လောက်ထိ အားမပြင်းသေး ။



"ဒုန်း ဒုန်း ဒုန်း "

" ယန်းဂျောင်ဝန်း မင်း အခုချိန်ထိ စိုက်ခင်းကိုလိုက်မလာပဲ ဘာလုပ်နေတာလဲ "

ဘေးတံခါးဆီက ဆူညံညံအသံကြောင့် ဂျောင်ဝန်းနိုးလာပေမဲ့ မျက်လုံးမဖွင့်ပဲ တဒုန်းဒုန်းထုခံနေရတဲ့ အိပ်ရာဘေးက ပြတင်းပေါက်လေးကို တွန်းဖွင့်ရသည် ။


" ထတော့ နေဖင်ထိုးနေပြီ "

" ညဆို မအိပ်ပဲ ဖုန်းပဲသုံး
နေ့ဆို မထ,နိုင်"

" အဲ့ဖုန်းက မင်းကို ပိုက်ဆံဘယ်လောက်များပေးလဲ"

"မဟုတ်မှလွဲရော ရည်းစားတွေဘာတွေများနေသလား "

" မမြင်ဖူးတဲ့ ဖုန်းထဲကလူတွေကိုယုံပြီး အလိမ်ခံရမယ်နော် စိတ်ဆင်းရဲတယ် "

အမေကြီးလိုမျိုး အော်ဟစ်ပြီး ပွစိပွစိပြောနေတော့ သူငယ်ချင်းကြောင့် ဂျောင်ဝန်း အိပ်ချင်သေးတဲ့မျက်လုံးတွေတောင် ပြူးပစ်ရသည် ။

အတူနေနေတဲ့ သူ့အဘိုးအဘွားတောင် အဲ့လောက်မဆူဘူး ။



" မင်းကရော ဒီအချိန်ကြီး စိုက်ခင်းမှာမဟုတ်ပဲ ဘာလို့အိမ်ပြန်ရောက်နေရတာလဲ ဆောနူ "

" အမယ် မင်းမလိုက်လာသေးလို့ ပြန်လာခေါ်ရတာပေါ့
ကိုယ့်အဘိုးအဘွားတွေက အသက်ကြီးနေပြီကို နေပူကျဲတဲထဲ အလုပ်သွားနေကြတာမှ အားမနာ
သူကအိပ်နေတယ် "

ဟုတ်ပါတယ် ။ ဂျောင်ဝန်းပဲမှားတာပါ ။ မေးမိတဲ့ ဂျောင်ဝန်းပဲ မှားသွားတာပါ ​။

" အေးပါကွာ တော်ပါတော့ နားတွေညည်းလိုက်တာ "

" မျက်နှာသစ် ပြင်ဆင်ပြီးရင် လိုက်ခဲ့မယ် ရပြီမလား "

His Majesty's Blond|SUNKIWhere stories live. Discover now