Eighth🌻🍂

1K 203 37
                                    

Unicode



"ဘယ်လောက်မှလည်းမနေလိုက်ရဘူး ပြန်ရတော့မယ် အား"

အဖေနဲ့အမေကိုနှုတ်ဆက်ရင်း ကလေးလေးလို ဆူဆောင့်နေသည့် ဆောနူဂွန်းက တကယ်၅နှစ်သားလေး။



"ဟဲ့ နင်လည်း ငါ့ကိုဖုန်းလေးဘာလေးဆက်ဦးနော်"

နောက်နားက အမဆောယောင်းဆီလှမ်းပြီး ဘောက်ဆက်ဆက်ပြောတော့


"မဆက်ပါဘူး ကိုယ့်ဘာသာနေ"


"ယား ကင်မ်ဆောယောင်း!"


"ကဲ ရန်မဖြစ်ကြပါနဲ့တော့ ဆောနူလေး မြန်မြန်သွားတော့ နန်းတွင်းမှာလည်းလိမ်လိမ်မာမာနေနော် အိမ်ရှေ့စံကိုလည်းဂရုစိုက်ပါ"

ပြန်ရတော့မည့်အချိန်မှာတောင် ရန်ထဖြစ်တော့မည့်အမွှာနှစ်ယောက်ကို အမေဝင်တားမှရသည်။


"သားကဘာကိုဂရုစိုက်ရမှာလဲ သူ့ဘာသူနေပေါ့ ခြေလက်တွေအကောင်းကြီးဟာကို"



"ဆောနူရေ အဲ့လိုမဆိုးရဘူးလေ အခုအိမ်ထောင်သည်ဖြစ်နေပြီိကို"



"အာ မေမေတို့ကလည်း အဲ့တာကြီးပဲပြောနေ"



"တကယ်ပြောနေတာ လိမ်လိမ်မာမာနေမှဖြစ်မှာလို့နော်"



"ဟုတ်ပါပြီ သိပါတယ်လို့"



"မေမေမှာထားတာတွေကိုလည်းသတိရနော်"


မပြန်ခင် နောက်ဆုံးအနေနဲ့ မေမေ့ကိုဖက်ပြီးချွဲနေသညိ့ ဆောနူကို သူ့မေမေကိုယ်တိုင်က ကားပေါ်လိုက်ပို့ရသည်။




"အိမ်ရှေ့စံကလည်း ဆောနူလေးကိုဂရုစိုက်ပေးပါ သူကအသက်ကြီးပေမဲ့ အခုထိကလေးစိတ်လေးလေ မြင်တဲ့အတိုင်း"

ဆောနူမေမေရဲ့စကားအဆုံးမှာ အနောက်ကဆောယောင်းက လှမ်း​အော်သည်။



"အမေရေ စိတ်ပူမနေနဲ့ အိမ်ရှေ့စံက ဒီကလူတွေထက် ပိုပြီးဂရုစိုက်တယ် သိလား"



"ကမ်ဆောယောင်းတို့ကတော့ လုပ်ပြန်ပြီ"


ဆောနူတစ်ယောက်တည်း တိုးတိုးလေးကြိတ်ရွေရွတ်လိုက်ပေမဲ့ ဘေးကအိမ်ရှေ့စံကတော့ ရှက်တဲ့ပုံတောင်မပေါ်။

His Majesty's Blond|SUNKIWhere stories live. Discover now