First🌻🍂

1.8K 263 67
                                    

Unicode

"နွေဦးမှာပွင့်တဲ့ပန်းတွေကအလှဆုံးလို့ပြောကြသလို ဒီနွေဦးမှာဖူးပွင့်လာခဲ့အချစ်ကလည်း အလှပဆုံးဖြစ်နိုင်ပါစေ"
















"အား လေးလိုက်တာ မွန်းကြပ်လွန်းလို့သေတော့မှာပဲ"


ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အဆောင်အယောင်တွေ တောက်တောက်ပြောင်ပြောင်အဝတ်အစားတွေကို ဆောနူအမြန်ဆုံးဖယ်ရှားပစ်မိသည်။

တစ်နေကုန်မနက်မိုးလင်းတည်းက ဒါကြီးတွေဝတ်ပြီး ဒုက္ခခံခဲ့ရတာ အခုမှပဲဝဋ်ကျွတ်တော့သည်။



"ဒါတွေအားလုံးက ဆောယောင်းကြောင့်!"

စိတ်တိုစွာရေရွတ်မိတော့ ဒေါသပါဖြစ်လာသလို။


ဆောယောင်းဆိုတာ အခြားမဟုတ်။

ဆောနူရဲ့နှစ်ယောက်မရှိတဲ့ တစ်ဦးတည်းသောအမွှာအမ။

အမွှာဆိုပေမဲ့ ယောင်္ကျားလေးနဲ့မိန်းကလေးဖြစ်နေတာမို့ ရုပ်ချင်းထပ်တူမကျသည့်တိုင်အောင် အတော်တော့ဆင်ပါသည်။



အမွှာတွေဖြစ်လို့ ငယ်စဉ်ကတည်း အမြဲတမ်းလိုလို အရာရာအားလုံးကို အတူလုပ်ရတတ်သည်။

​အမွှာလေးတွေမို့ ကလေးဘဝတည်းကစလို့ ဝတ်တာစားတာကအစ couple themeလိုမျိုး ဆင်တူလေးတွေလုပ်ပေးတတ်သည့် ဆောနူတို့မေမေက သားနဲ့သမီးကိုအရာရာမှာထပ်တူ။



ဒါပေမဲ့ ငယ်ငယ်တုန်းကဘယ်လောက်ထပ်တူကျခဲ့ ကျခဲ့ အခုလို လက်ထပ်တာထိပါတူနေလို့တော့အဆင်မပြေဘူးမလား?

ဇာတ်လမ်းကရှင်းပြရရင် အတော်ရှည်မည်။

အမှန်တော့ ဆောယောင်းရောဆောနူရောမွေးဖွားလာခဲ့တာ သာမန်မိသားစုတစ်ခုမဟုတ်။

သူတို့ရဲ့ဖေဖေက ငယ်စဉ်ကတည်းကနိုင်ငံရေးကို တစ်စိုက်မတ်မတ်လုပ်လာခဲ့သည့် အကွက်မြင်တတ်လွန်းသောနိုင်ငံရေးသမားတစ်ဦး။

ကြိုးစားသလိုရည်မှန်းချက်လည်းကြီးတာမို့
အခု ဆောယောင်းနဲ့ဆောနူအသက် ၂၀ကျော်သည့်အချိန်မှာ "ဝန်ကြီးချုပ်"တောင်ဖြစ်နေခဲ့ပြီလေ။


His Majesty's Blond|SUNKIDonde viven las historias. Descúbrelo ahora