Fifteenth🌻🍂

994 167 38
                                    

Unicode


ဆောနူ တရေးနိုးလာတဲ့အချိန် မျက်လုံးကိုမပွင့်တပွင့်ဖွင့်ပြီး မှေးကြည့်မိတော့ ကန့်လန့်ကာကြားထဲကတိုးဝင်လာတဲ့ နေခြည်ဟာနီပျို့ပျို့ရီဝေဝေ။

အရုဏ်တက်အချိန်လောက်ဖြစ်လိမ့်မယ်လို့ စိတ်ထဲမှာ ကောက်ချက်ချလိုက်ပြီးတဲ့နောက် ပြန်အိပ်ဖို့ပြင်လိုက်တဲ့အချိန် ရုတ်တရက် ခေါင်းပေါ်ကနေ ခံစားလိုက်ရလိုက်တဲ့ နူးနူးညံ့ညံ့လှုပ်ရှားမှုတစ်ခုက ပြန်ပြီးမှိတ်ကျတော့မဲ့မျက်ဝန်းတွေကို ရပ်တန့်စေသည်။


နောက်ကနေသိုင်းဖက်ထားတဲ့သူက ဆောနူ့ဆံပင်တွေကိုငုံ့နမ်းနေမှန်း သတိထားမိလာတဲ့အခါ
တစ်ဖက်ကိုအသာလှည့်ကြည့်မိတော့
လက်တစ်ဖက်ကိုခေါင်းအုံးပေါ်ထောက်လျက် ဆောနူ့ကိုငေးကြည့်နေတဲ့သူ။

​နီရဲစပြုနေတဲ့မျက်ဝန်းတွေရဲ့ပိုင်ရှင်ဟာ အရုဏ်တက်အချိန်ထိ တရေးမှမအိပ်ရသေးကြောင်းသိသာလွန်းနေသည်။


"မအိပ်ဘူးလား"

အိပ်မှုံစုံဝါးနဲ့မို့ တိုးတိုးသက်သာမေးမိတော့ ဆောနူရဲ့ငွေရောင်ဆံနွယ်စတွေကို ခပ်သာသာလေးဖွကိုင်ရင်းပြုံးပြသည်။

"အိပ်မှာပါ"

"အိပ်မယ်ဆိုလည်းမြန်မြန်အိပ် မိုးတောင်စင်စင်လင်းခါနီးနေပြီကို"

အလိုမကျတဲ့အသံနဲ့ ဆူပူသယောင်ဖြစ်သွားတဲ့ ဆောနူပုံစံကို သူကနှစ်ခြိုက်သလိုမျိုး ခပ်ဖွဖွရယ်သည်။

ပြီးတော့ ရုတ်တရက် ဆောနူကိုရင်ခွင်ထဲဆွဲသွင်းလိုက်တာကြောင့် ဆောနူ့မှာ ကြောင်အသွားရပြန်သည်။


ဒီကလေး တစ်ညလုံးလည်းမအိပ်ပဲ မနက်အစောကြီး ဘာတွေဆေးစားမှားထားပြန်ပြီလဲ။


ထူးထူးဆန်းဆန်းတွေ လုပ်နေတဲ့ အိမ်ရှေ့စံကြောင့် ဆောနူမှာ အူကြောင်ကြောင်ဖြစ်ရပေမဲ့

"ဆောနူဂွန်း အရမ်းချစ်တာသိတယ်မလား"

ဆောနူကိုယ်လေးကို ထွေးပွေ့ထားတဲ့လက်တွေဟာ ပိုတင်းကြပ်လာတာကိုခံစားမိရင်း ရုတ်တရက်ကြားလိုက်ရတဲ့စကားမှာ ဆောနူရင်ထဲက တဒိတ်ဒိတ်။


His Majesty's Blond|SUNKIWhere stories live. Discover now