Seventh🌻🍂

1.1K 197 52
                                    

Unicode







ဒီနေ့ မနက်စာစားပြီးတည်းက ဆောနူဂွန်းကိုမတွေ့တော့။

ပြောထားတဲ့ အချိန် ၁၀နာရီထိုးခါနီးပြီမို့ နီခီတစ်ယောက်အဝတ်ထလဲလိုက်ပေမဲ့
ဆောနူဂွန်းကပေါ်မလာသေးတော့ ထိုင်ရမလို ထရမလိုနဲ့ တစ်ယောက်တည်းယောင်လည်လည်။

အမဆောယောင်းကတော့ သူ့ကိုယုံပါဆိုပြီး လေကြီးမိုးကြီးပြောချသွားတာပဲ။

အခုကျ မောင်နှမနှစ်ယောက်လုံး ဘယ်ရောက်နေမှန်းတောင်မသိ။

အမွှာနှစ်ယောက်ပေါင်းပြီး သူ့ကိုအရူးလုပ်သွားတာများလား။

အဲ့လိုတော့မဖြစ်နိုင်ဘူးထင်ပါတယ်။

ဆောယောင်းကတော့ အတည်ပြောသွားတာပါ။

တောင်တောင်အီအီလျှောက်တွေးနေရင်း သိပ်မကြာလိုက်ပါ။


"ဟေး အိမ်ရှေ့စံ အကြာကြီးစောင့်နေလိုက်ရလား
ဒီမှာ ငါတို့ယောအူပေါက်စ (여우 = မြေခွေး)ကို အတင်းဆွဲပြီး ပြင်ဆင်ပေးနေရလို့"

ပြောပြောဆိုဆို ဘေးကလက်နဲ့ညွှန်ပြနေပေမဲ့ ဘာမှမရှိတာမို့ နီခီကအူကြောင်ကြောင်ကြည့်နေမိတော့မှ

"အော် ဟဲ့ ထွက်လာလေ ကင်မ်ဆောနူရဲ့
မဟုတ်မှလွဲရော နင်ရှက်နေတာလား?!"

စွာကျယ်ကျယ် ဆောယောင်းရဲ့အသံအဆုံးမှာ တံခါးနောက်ကွယ်ကနေ တရွေ့ရွေ့ထွက်လာသည့် အရိပ်ကလေး။


"ဘာ-ဘာကိုရှက်ရမှာလဲ"

မပီမသစကားလုံးလေးတွေနဲ့ ခေါင်းကိုသာသာလေးငုံ့ထားသော အိမ်ရှေ့စံရဲ့အပိုင်လူသားက ထုံးစံအတိုင်းလှနေပြန်သည်။


ရိုးရိုးရှပ်အဖြူလေးနဲ့ဂျင်းဘောင်းဘီပွပွလေးကိုမှ အဖြူရောင်အပေါ်ဝတ်လေးတစ်ထပ် ထပ်ထားသော ကောင်လေးက ရိုးရှင်းစွာနဲ့တောက်ပနေဆဲ။

နို့နှစ်လိုဖြူအုနေတဲ့အသားအရည်ပေါ်မှာ အဲ့ဒီနီဆွေးဆွေးနှုတ်ခမ်းလေးတွေက ဖောင်းဖောင်းအိအိ။


တကယ်ပါ လောကကြီးမှာ ဆောနူဂွန်းထက်လှတဲ့ဖြစ်တည်မှူ မရှိလောက်တော့ဘူးထင်တယ်။








His Majesty's Blond|SUNKIWhere stories live. Discover now