Tenth🌻🍂

1K 192 42
                                    

Unicode




အခုတလော ခမည်းတော်ခိုင်းတဲ့အလုပ်တွေ​၊ ကိုယ်တိုင်လုပ်ရမဲ့ တာဝန်တွေ၊ စာလေ့လာစရာတွေအပြင် သိပ်ပြီးမတည်မငြိမ်ဖြစ်နေသည့်နိုင်ငံရေးတွေကြောင့် အိမ်ရှေ့စံတစ်ယောက် တကယ်အာရုံများနေရသည်။

တော်ရုံဆို ဒီလောက်ထိဖိအားမများနိုင်ပေမဲ့ တစ်ဖက်က အိမ်ရှေ့စံရဲ့အရည်အချင်းကို အခွင့်သာတိုင်းထုတ်ပြချင်နေသည့် မယ်တော့်ကြောင့် ပိုပြီး အာရုံနောက်ရသည်။

မိုးလင်းမိုးချုပ် လုပ်လိုက်ရတဲ့အလုပ်တွေက အချိန်ဇယားနဲ့အပြည့်မို့ အသက်ရှူချိန်တောင်မနည်း။

ကြင်ယာတော်နဲ့တောင် တွေ့ဖို့ကခက်ခဲနေသယောင်။

နန်းဆောင်တစ်ခုတည်းမှာ အတူနေနေပေမဲ့ သူကလည်း သူကျောင်းနဲ့ နန်းဓလေ့သင်ကြားအလုပ်တွေနဲ့ရှုပ်နေတာမို့ နှစ်ယောက်သား မျက်နှာချင်းတောင်သိပ်မဆိုင်နိုင်။

တစ်နေ့တာပြီးလို့ အိပ်မယ်ပြင်တဲ့အခါ အိမ်ရှေ့စံရဲ့
အလှတရားလေးက အိပ်မောကျနေပြီ။

ဘာပဲဖြစ်ဖြစ် မအိပ်ခင်မျက်နှာလေးကို မြင်နိုင်လို့သာတော်တော့သည်။

ဒီမျက်နှာလေးကပဲ သူ့အတွက်အားဆေးလေးမလား။

မနက်မိုးလင်းတဲ့အခါကျရင်လည်း တစ်ယောက်မနိုးခင် တစ်ယောက်က အရင်ထနှင့်နေပြီမို့ မျက်နှာချင်းဆိုင်ပြီး နှုတ်ဆက်စကားလေးတောင်မပြောနိုင်။


ဒါပေမဲ့ အိမ်ရှေ့စံရဲ့စိတ်ထဲမှာတော့ ဒီလှပတဲ့အမျိုးသားလေးက အချိန်တိုင်းနေရာယူထားတာကို အိမ်ရှေ့စံကိုယ်တိုင်သာသိပါသည်။












"မင်းကြီးဆီသွားရမယ်"


ရုတ်တရက် အရေးတကြီးလျှောက်တင်စရာရှိတာမို့ မင်းကြီးရဲ့နန်းဆောင်ဆီအသွား လမ်းမှာဖြတ်သန်းသွားရတဲ့ဥယျာဉ်အသေးလေးထဲမှာ ဖြတ်ခနဲမြင်လိုက်ရသည့် အရိပ်လေးကြောင့် အိမ်ရှေ့စံရဲ့ခြေလှမ်းတွေရပ်တံ့မိပြန်သည်။



"အထိန်းတော်ကြီး ခဏနော်"


လောလောလောလောနဲ့ပြောပြီး ဥယျာဉ်ဘက်ကို အပြေးလှမ်းလာခဲ့တော့

His Majesty's Blond|SUNKIWhere stories live. Discover now