Third🌻🍂

1.4K 241 45
                                    

Unicode



"မင်းသား ဒီနေ့ည နန်းတွင်းမှာ ကပွဲတစ်ခုရှိပါတယ် ကြင်ယာတော်နဲ့အတူ ပထမဆုံးတက်ရမဲ့ပွဲပါ"

ဘေးကနေ လာလျှောက်တဲ့ အထိန်းတော်ကြီးကြောင့် လက်ထဲကဖတ်လက်စ စာအုပ်ကိုခဏချထားလိုက်မိသည်။


"ဟုတ်လား ဒါနဲ့ အခု ဆောနူဂွန်းရော?"

"ကြင်ယာတော်က ကျောင်းသွားပါတယ်"


ဟုတ်သားပဲ။

ဆောနူက တကယ်တော့ လက်မထပ်ခင်က သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်။

ကြားထားရတဲ့သတင်းတွေအရ
အေးအေးဆေးဆေးနေတတ်တဲ့သူမို့ ဝန်ကြီးချုပ်ရဲ့သားဖြစ်တယ်ဆိုတာတောင် အတော်များများက မသိကြဘူးတဲ့။

အခုကျ ရုတ်တရက် အိမ်ရှေ့စံနဲ့လက်ထပ်လိုက်ရတော့ သေချာပေါက် အရင်လိုနေလို့မရတော့မှာသေချာသည်။

တော်ဝင်မိသားစုအကြောင်းကို တစ်နိုင်ငံလုံးကစိတ်ဝင်စားကြသည်မလား။

ဒီရက်ပိုင်း သတင်းစာ မဂ္ဂဇင်းမှန်သမျှမှာ အသစ်စက်စက်အိမ်ရှေ့စံကြင်ယာတော်လေးမျက်နှာတွေအပြည့်။

လူတိုင်းရဲ့ပါးစပ်ဖျားမှာရှိနေတဲ့နာမည်က ဆောနူ။



အရင်က ငြိမ်ငြိမ်အေးအေးနေတတ်သည့်ကောင်လေး အခု ဒီလက်ထပ်ပွဲကြောင့် စိတ်အနှောင့်အယှက်အများကြီးကြုံနေရပြီလား?

တွေးမိတော့ ရင်ထဲမှာ မကောင်းသလို။

ဒါပေမဲ့ ဒါက တော်ဝင်မိသားစုထဲကိုဝင်လာမဲ့သူတိုင်းကြုံရမဲ့ကိစ္စမို့ ရှောင်လွှဲလို့မရ။


ကျောင်းသွားကျောင်းပြန်၊ ကျောင်းတက်ရတဲ့ကိစ္စတွေထိ ကြီးကြီးမားမားအထိအခိုက်မရှိစေဖို့သာ ဆုတောင်းရမည်။


နီခီသာ အထက်တန်းပြီးတဲ့နောက် နန်းတွင်းထဲမှာပဲ လေ့လာစရာတွေကို သီးသန့်ဆက်လေ့လာနေရပေမဲ့ ဆောနူကတော့ အများနဲ့ဆက်ဆံရတဲ့ တက္ကသိုလ်မှာတက်နေသည့်သူလေ။

အဲ့လိုတွေးတော့ မယ်တော့်ကိုသတိရမိပြန်သည်။

ဘယ်လိုပဲ အိမ်ရှေ့စံမင်းသားဖြစ်နေတယ်ဆိုဆို နီခီလည်း အခုချိန် သင့်တော်တဲ့တက္ကသိုလ်တစ်ခုခုကို သွားဖို့ပြင်သင့်နေပြီဖြစ်သည်။

His Majesty's Blond|SUNKIWhere stories live. Discover now