Second🌻🍂

1.3K 258 54
                                    

Unicode

လက်ထပ်ပွဲပြီးတော့ ခမည်းတော်ဆီကနေ အရေးပေါ်တိုင်ပင်စရာရှိတယ်လို့ အခေါ်ရောက်လာတော့ အမြန်သွားမိပြန်သည်။
ဒီလိုနဲ့အိမ်ရှေ့စံနန်းဆောင်ဆီ မရောက်ဖြစ်သေး။

အလုပ်ကိစ္စပြီးလို့ နန်းဆောင်ကိုပြန်ရတော့ ညတောင်တော်တော်မှောင်နေပြီ။

နန်းဆောင်ဆီမရောက်ခင် ဘေးကအထိန်းတော်ကြီးစကားကြောင့် ​ခြေလှမ်းတွေကဦးတည်ချက်ပြောင်းရပြန်သည်။

"မိန်းကလေးဆိုအာ ဥယျာဉ်ထဲကို ရောက်နေပါတယ် အိမ်ရှေ့စံနဲ့မတွေ့ရမချင်း မပြန်ဘူးဆိုလို့ စောင့်ခိုင်းထားပါတယ်"


ဒီကောင်မလေး

သေသေချာချာရှင်းအောင်ပြောပြီးတာကို ဘာထပ်လုပ်ပြန်တာလဲ။

စိတ်ရှုပ်စွာခေါင်းကိုကုတ်ရင်း ဥယျာဉ်ထဲရောက်တော့ သူ့ကိုတွေ့တွေ့ချင်းပြေးလာဖက်သည့် ဆိုအာ။

ပြန်တွန်းဖို့လုပ်ပေမဲ့ အတင်းဖက်ထားတာကြောင့်တွန်းဖို့မလွယ်။


"အိမ်ရှေ့စံ ဒါကတကယ်ပဲအဓိပ္ပာယ်ရှိတယ်လို့ထင်နေတာလား? ယောင်္ကျားလေးတစ်ယောက်နဲ့လက်ထပ်တယ်တဲ့? ကျွန်မလည်းရှိနေတာကို ဘာလို့များ?"

"ဆိုအာ ငါဘယ်သူနဲ့လက်ထပ်ထပ်မင်းနဲ့မဆိုင်ဘူး"

"ဒါပေမဲ့ အိမ်ရှေစံ ကျွန်မကိုချစ်တယ်မဟုတ်ဘူးလား"

မျက်ရည်တွေဝိုင်းလျက်ပြောလာသည့် ကောင်မလေးက သနားစရာကောင်းအောင်လုပ်ပြနေပေမဲ့ မသနားပဲ ရယ်မိသည်။

"ဆိုအာ ငါမင်းကိုဘယ်တုန်းကမှမချစ်ဖူးဘူး အခုငါလည်းလက်ထပ်ပြီးပြီမို့ ငါ့ဆီမလာနဲ့တော့"

အေးစက်စက်စကားလုံးတွေဆိုပေမဲ့ ပြောမှရမည်မို့ပြောရသည်။

တကယ်ဆို သူ ဆိုအာကို ဘယ်တုန်းကမှ ခံစားချက်မရှိခဲ့ဘူးပါ။

ဆိုအာကလည်း ဆွေမကင်းမျိုးမကင်း တော်ဝင်မျိုးနွယ်မို့ တော်ဝင်အထက်တန်းကျောင်းကို အတူတက်ရင်း နီခီ့နောက်တကောက်ကောက်လိုက်နေတာမို့ အနေနီးစပ်ကြလို့ ခဏတာတွဲခဲ့မိတာကို ဒီကောင်မလေးက တကယ်ကြီးထင်နေတဲ့ပုံ။

His Majesty's Blond|SUNKIWhere stories live. Discover now