Sixth🌻🍂

1.1K 215 58
                                    

Unicode





"အား မေမေ့လက်ရာ နံရိုးပေါင်းကိုတကယ်လွမ်းနေတာ"


ပလုပ်ပလောင်းစားရင် ပြောလာသည့် ဆောနူကြောင့် မေမေကတော့ နှစ်နှစ်ခြိုက်ခြိုက်သဘောကျစွာပြုံးရယ်နေလေရဲ့။


ဘယ်လိုပဲ ဝန်ကြီးချုပ်မိသားစုဖြစ်လို့ သာမန်နဲ့မတူခမ်းနားနေသည်ပဲဆိုဆို
မိသားစုထမင်းဝိုင်းလေးရဲ့ နွေးထွေးတဲ့အငွေ့အသက်လေးကတော့ ပျောက်မသွား။




"နန်းတော်ထဲမှာ နင့်ကိုအငတ်ထားကြတာလား"

ဆောနူက အစားလက်ထပ်လိုက်ပြီးပြီဆိုတဲ့နောက် ကိုယ်တိုင်အန္တရာယ်ကင်းပြီဆိုကာမှ ကိုရီးယားကိုပြန်ရောက်လာတဲ့ ချစ်စရာအလွန်ကောင်းသည့် ဆောယောင်းက သူ့အကျင့်အတိုင်း ဆောနူကို ခနဲ့လာပြန်သည်။

ဖေဖေနဲ့မေမေကတော့ ဘာမှမပြော။

အမြဲ ကြောင်နဲ့ကြွက်လို တွေ့တာနဲ့ကိုက်နေကြတတ်တာက ဆောယောင်းနဲ့ဆောနူအကျင့်။

ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်မချစ်ကြတာလည်းမဟုတ်။

အမွှာနှစ်ယောက်ဆိုပေမဲ့ စိတ်ချင်းမနီးတာကလွဲရင် တစ်ဦးတည်းသော မောင်နှမသားချင်းမို့ မသိမသာဂရုစိုက်ပေးတတ်ကြတာ ဟိုးငယ်စဉ်ကတည်းက။

အပေါ်ယံမှာသာ မောင်နှမနှစ်ယောက်သား တစ်ကျက်ကျက်ဖြစ်နေလို့ မိဘတွေကအစပိုင်းဆုံးမကြပေမဲ့
နောက်ပိုင်းကျ အမွှာနှစ်ယောက်အကြောင်းသိလာတဲ့အခါ သိပ်ပြီးမဆူကြတော့။

သူတို့က အပျင်းပြေကို သတ်ပုတ်ခနဲ့နေကြတာလေ။


ဘာပဲဖြစ်ဖြစ် အိမ်ရှေ့စံနဲ့လက်ထပ်ဖို့ ဆောနူလက်ခံလိုက်ရတဲ့ အကြောင်းအရင်းတွေထဲမှာ
ဆောယောင်းအတွက် အနစ်နာခံခြင်းလို့ခေါင်းစဉ်မတပ်ရသော အနစ်နာခံခြင်းတွေပါဝင်နေတယ်ဆိုတာ မောင်နှမနှစ်ယောက်လုံးသာမက မိဘတွေပါ ထုတ်မပြောပေမဲ့ နားလည်ထားကြတဲ့အရာ။






"ငါနန်းတော်ထဲသွားနေရတာ ဘယ်သူကြောင့်လဲ"


"ဒါကတော့ ကိုယ့်ကံနဲ့ကိုယ်ပဲလေ ဒါပေမဲ့ အဲဒါက ကံလို့ပြောလို့ရပါ့မလား ဖူးစာလို့ခေါ်ရမှာပေါ့ ဖူးစာလေ ဖူးစာ ဟိဟိ"


His Majesty's Blond|SUNKIWhere stories live. Discover now