Thirteenth🌻🍂

1K 169 83
                                    

Unicode


​သူ့ရှေ့ကုတင်ပေါ်မှာ လှဲလျောင်းနေတဲ့ ပါးလျလျအရိပ်ငယ်လေးက သာမန်ထက်ပိုပြီးဖြူဖျော့အားနည်းနေတယ်လို့ ခံစားရသည်။

အမြဲတမ်းအားအင်အပြည့်နဲ့ တောက်ပစွာပြုံးရယ်နေတတ်တဲ့သူလို့ထင်မှတ်ခဲ့ဖူးတဲ့ ဒီလူသားငယ်ဟာ သူ့မျက်စိရှေ့မှာတင် တစ်ခဏချင်း ဒီလိုလဲကျသွားတယ်ဆိုတာက တကယ်တမ်းကျ လက်ရှိအခြေအနေမှန်ကို လက်ခံနိုင်ဖို့တော့အခက်သား။


သေချာပေါက် မယုံကြည်နိုင်သေးဘူးဆိုပေမဲ့
တစ်ခါတစ်ရံ ဘဝမှာက မရှောင်လွဲနိုင်တဲ့အရာတွေကို တည့်တည့်ကြီးရင်ဆိုင်ပစ်ပြီး ကျော်လွှားတာကလည်း အရည်အချင်းတစ်ခုပဲမလား။

ဒီလိုတွေးပြီး ဆောနူဂွန်းရဲ့လက်နုနုလေးတွေကိုဆုပ်ကိုင်ပေးမိတဲ့သူ့ရဲ့အပြုအမူဟာ မထိရက်မကိုင်ရက်အဖိုးတန်ရတနာလေးတစ်ခုကို ထိတွေ့နေသလိုမျိုး။



မကြာလိုက်ခင်မှာပဲ အနည်းငယ်လူးလွန့်လာတဲ့ မျက်ဝန်းတွေဟာ ပြန်လည်ပွင့်အာလာတာကိုမြင်ရတော့ သူ့မှာတကယ့်ကိုပြူးပြူးပြာပြာ။




"ဆောနူဂွန်း ဆောနူ သတိရလာပြီလား အဆင်ပြေရဲ့လားဟင်"


တင်းကြပ်လိုက်မိတဲ့လက်အစုံနဲ့အတူ နှုတ်ကနေ ကမန်းကတမ်းထွက်သွားတဲ့ မေးခွန်းအဆုံးမှာ အဆင်ပြေမနေမှာကို အဖြေနားထောင်စရာမလိုပဲ နားလည်သွားတဲ့ကိုယ့်အတွေးကိုလက်ခံယူရင်း
သက်ပြင်းယဲ့ယဲ့ချမိတဲ့အခါ နီခီ့မျက်ဝန်းထဲမှာ မျက်ရည်ကြည်တွေလည်း အလိုလိုဝေ့တက်နေခဲ့မှာကလည်း သေချာသလောက်ရှိနေခဲ့သည်။






"အင်း ပြေပါတယ် ဘယ်လိုဖြစ်သွားတာလဲ"


ခပ်ဖွဖွလေး တကယ့်ကို ခပ်ဖွဖွလေး။
ပြုံးတယ်ဆိုရုံလေးပြုံးပြရင်း သူအဆင်ပြေကြောင်း ဖြေလာတဲ့စကားသံလေးနဲ့အတူ အိမ်ရှေ့စံသိပ်ချစ်ရတဲ့ နူးညံ့တဲ့လူသားလေးဟာ အားနည်းနေဆဲ။





"ဆောနူဂွန်း သတိလစ်သွားတာ Heart attackဖြစ်ပြီးတော့"


တုံ့တုံ့နှေးနှေးစကားတစ်ခွန်းကိုဆိုပြီး သူ့အောက်နှုတ်ခမ်းတွေကိုသူပြန်ဖိကိုက်မိတော့

His Majesty's Blond|SUNKIDove le storie prendono vita. Scoprilo ora