Fourth🌻🍂

1.2K 238 43
                                    

Unicode


"အိမ်ရှေ့စံ နောက်ကိုဒါမျိုးအမှားမလုပ်မိဖို့သတိထားပါ"


"ဟုတ်ကဲ့ပါ ခမည်းတော် နောက်မဖြစ်စေရပါဘူး"

"ဟုတ်ပါပြီ တစ်ခါတစ်လေတော့လည်းဖြစ်တတ်ပါတယ် ကဲကဲ သွားတော့"



တကယ်တော့ နီခီ့အသက်အရွယ်နဲ့ အိမ်ရှေ့စံမင်းသားတစ်ယောက်ရဲ့တာဝန်တွေအားလုံးကို ကောင်းကောင်းကျေပြွန်နိုင်ဖို့က သိပ်တော့မလွယ်။

အတတ်နိုင်ဆုံးကြိုးစားနေပေမဲ့လည်း
တစ်ခါတစ်လေမှာကျ အလွဲအမှားတွေကိုလည်းရှောင်မရ။

အခုလည်း နီခီတာဝန်ယူထားတဲ့ကိစ္စတစ်ခုက ကောင်းကောင်းအဆင်မပြေဖြစ်သွားတာမို့ ခမည်းတော်ဆီကနေ ခေါ်ပြီးအဆူခံနေရတာ။

အဆူခံနေရတယ်ဆိုတာထက် ခမည်းတော်က အေးအေးဆေးဆေး စိတ်ရှည်ရှည်နဲ့ ခေါ်ပြီးသင်ကြားပေးနေတာလို့ပြောရင်ပိုမှန်ပါမည်။

အေးဆေးတည်ငြိမ်တဲ့ သူ့ဖခင်ရဲ့ စိတ်ဆိုးဒေါသထွက်နေပုံတာဆိုတာ နီခီ့တစ်သက်မမြင်ဖူးသေး။


အမှားရှိလျှင်ပြင်ပေးပြီး အေးအေးဆေးဆေးဆုံးမတတ်သော သူ့ဖခင်က တကယ့်ကိုအရည်အချင်းပြည့်ဝပြီး နိုင်ငံရေးထီးနန်းရေးတွေကိုပါ ကောင်းကောင်းကိုင်တွယ်နိုင်တဲ့ ဘုရင်တစ်ပါး။







မင်းကြီးကိုအရိုအသေပေးပြီး ပြန်ထွက်လာခဲ့တဲ့နောက် တည့်တည့်လာတိုးတဲ့သူကအခြားမဟုတ်။

သူ့ရဲ့မယ်တော် အာခီကို မိဖုရား။





"အိမ်ရှေ့စံ အလုပ်တွေကိုဘယ်လိုလုပ်နေတာလဲ? မင်းမှာအရည်အချင်းက ဒီလောက်ပဲရှိတာလား"



တာဝန်ပေးထားသည့် ခမည်းတော်ကတောင် မဆူပဲ သင်ပြပေးလိုက်ပြီး အေးအေးဆေးဆေးပြီးသွားပြီဖြစ်သည့် ကိစ္စကို အစပြန်ဖော်ပြီး ဆူဖို့လုပ်နေသော သူ့ရဲ့မိခင်။

မယ်တော်ကတော့ ထက်မြက်ပြီးလောဘလည်းကြီးသလို နီခီ့ကိုလည်းအမြဲတမ်းအကောင်းဆုံးဖြစ်စေချင်တဲ့သူမျိုး။

His Majesty's Blond|SUNKIWhere stories live. Discover now