Sixteenth🌻🍂

865 171 70
                                    

Unicode



နီခီတစ်ယောက် ဒီနေ့လည်း ထုံးစံအတိုင်း ဖိအားမျိုးစုံပေးတဲ့ပတ်ဝန်းကျင်ထဲမှာ တစ်နေကုန်အံကြိတ်ပြီးကျင်လည်ခဲ့ရပြန်သည် ။

အဆိုးဆုံးကတော့ ဆောနူကိုလက်လွှတ်ခိုင်းနေတဲ့ မယ်တော် ။

သူလက်ထပ်ခိုင်းချင်တုန်းက ချက်ချင်းလက်ထပ်ခိုင်း၊ အခုသူမလိုတော့လို့ ကွဲဆိုတော့ ချက်ချင်းကွဲရအောင် နီခီရော ဆောနူရောက အရုပ်တွေမဟုတ် ။

ခံစားချက်မရှိတဲ့အရုပ်တွေဆိုရင်တော့တစ်မျိုးပေါ့ ။

ဒါပေမဲ့ အခုချိန် သူ့မှာ ဆောနူဂွန်းတစ်ယောက်တည်းအတွက်ဆိုပြီး ရည်ရွယ်ထားတဲ့နှလုံးသားတစ်စုံလည်းရှိနေခဲ့ပြီးပြီ ။

သူနဲ့ထပ်တူခံစားနေရပါတယ်လို့ မသေချာသေးရင်တောင် သူနဲ့အတူရှိရင်သက်သောင့်သက်သာရှိပုံရတဲ့ အဲဒီမြတ်နိုးရာနေခြည်လေးကိုလည်း နီခီ့ကဘယ်လိုအားမျိုးနဲ့ အနားကနေ ထွက်သွားခိုင်းရက်နိုင်တော့ပါမလဲ ။

အဓိပ္ပာယ်မရှိတဲ့သူ့ဘဝကြီးကို ရှည်ရှည်ဝေးဝေးမတွေးပဲ သူများတကာအလိုကျနေထိုင်ခဲ့တာ သူ့တစ်သက်။

မနက်ဖြန် ကမ္ဘာကြီးပျက်သုဉ်းပြီး အရာရာပြီးဆုံးသွားရင်တောင် နောင်တရစရာ၊ တွယ်တာစရာမရှိလောက်ဘူးဆိုပြီး တွေးရင်း နေထိုင်လာတဲ့ဘဝကို ပြောင်းလဲပေးခဲ့တဲ့သူဟာတစ်ယောက်တည်း ။

အခုတော့ ဆောနူဂွန်းရဲ့မျက်နှာလေးကို ထပ်ပြီးမြင်တွေ့ခွင့်ရဖို့အတွက် နိုးထလာရမဲ့ မနက်ဖြန်တိုင်းကို မျှော်လင့်တကြီးရှိနေတတ်ခဲ့ပြီလေ ။

ဒီလိုအခြေအနေကို ရောက်ကာမှ သူက ဘယ်လိုလုပ်ပြီး ဆောနူ့ကိုစွန့်လွှတ်ဖို့တွေးနိုင်ပါတော့မလဲ ​။






အရင်နေ့တွေထက်ကို ပိုပြီးပင်ပန်းတယ်လို့ခံစားရတာမို့ ဒီနေ့တော့ အရာရာကိုပစ်ချပြီး စောစောနားဖို့ဆုံးဖြတ်မိသည် ။

လွှတ်မြောက်ရာလိုမျိုး သူ့ခြေထောက်တွေဦးတည်မိတဲ့တစ်ခုတည်းသောနေရာဟာ ဆောနူဂွန်းရှိနေမဲ့ဆီကိုသာ ။

His Majesty's Blond|SUNKIजहाँ कहानियाँ रहती हैं। अभी खोजें