Twelfth🌻🍂

1.1K 190 24
                                    

Unicode









"ဆောနူဂွန်း ဒီနေ့အားတယ်မလား ပြီးရင် အဝတ်အစားလဲထားလိုက် အပြင်သွားစရာရှိတယ်"


မနက်စာ အတူစားနေရင်း အနားနားကပ်ကာ တိုးတိုးလေးပြောလာသော အိမ်ရှေ့စံကြောင့် ဆောနူကနားမလည်နိုင်သလို ပြူးပြီးကြည့်မိတော့
မျက်စိတစ်ဖက်ကိုမှိတ်ပြသည့်သူ။

ပုံမှန်ဆိုလုပ်စရာရှိရင် လာပြောတတ်သည့် ခပ်လှမ်းလှမ်းက အထိန်းတော်တွေကို လှမ်းကြည့်တော့လည်း ဒီနေ့ ဘာမှထူးထူးခြားခြားပြောစရာရှိနေသည့်ပုံလည်းမပေါ်။




"ကိုယ်တို့နှစ်ယောက်တည်းသွားမှာမို့ ရှူးတိုးတိုး"

လေသံလေးနဲ့ ပြောလာသည့်အိမ်ရှေ့စံရဲ့အပြုအမူကြားမှာ ဆောနူတစ်ယောက် လမ်းပျောက်ရပြန်ပါပြီ။


















"ဒီလိုဆိုအဆင်ပြေရဲ့လား"

ရုတ်တရက် တိုးတိုးတိတ်တိတ်သွားစရာရှိတယ်လို့ပြောပြီး ဘယ်သွားရမယ် ဘာလုပ်ရမှာမပြောဘဲ အဝတ်အစားလဲခိုင်းတာကြောင့်မို့ ရိုးရိုး ပေါ့ပေါ့ပါးပါးအပြင်ဝတ်ကို ပြောင်းဝတ်ပြီးထွက်လာတော့

ထုံးစံအတိုင်း ဆောနူကို ပထမဆုံးမြင်ဖူးသည့် သူလိုမျိုး ငေးကြည့်နေပြန်သည့်သူ။

မမျှော်လင့်ထားခဲ့ပေမဲ့ တကယ်ကြီးသူတို့ နှစ်ယောက်ကြားထဲမှာ နက်ရှိုင်းစရာတွေဖြစ်လာတော့မှာလား။









"တအားသဘောကျလွန်းလို့ ရူးတော့မယ်ထင်တယ်"


ရုတ်တရက် နီခီ့နှုတ်ကထွက်လာတဲ့စကားကြောင့် ဆောနူမျက်နှာက ရဲခနဲ။


"လာ သွားကြရအောင်"


"ဘယ်ကိုလဲပြောဦးလေ"

ဆောနူအမေးကိုတော့ ရေရေရာရာမဖြေပဲ လက်ကနေဆွဲကိုင်သည့်သူနောက် လိုက်ရပြန်သည်။













"ဘာလို့ အစောင့်တွေကိုရှောင်နေတာလဲ"

သူ့ကိုလက်ကနေဆွဲခေါ်လျက် ဂျောင်ဂျိုဂျောင်ကြားကနေတိုးဝှေ့သွားနေတဲ့ အိမ်ရှေ့စံရဲ့အပြုအမူတွေက ထူးဆန်းသလိုခံစားလာရတာမို့ ဘယ်လိုမှမနေနိုင်တော့ဘဲမေးမိတော့


His Majesty's Blond|SUNKIWhere stories live. Discover now