အခန်း-၁၂(​ဆေး)

Start from the beginning
                                    

" ​ပေါ်​ကော , အခုဆိုရင် <The Young General> က အရမ်းကိုနာမည်ကြီး​နေတာပဲ​နော် .. ​ပေါ်​ကောက ဇာတ်ညွှန်း​ရွေးတဲ့​နေရာမှာ အရမ်း​တော်မှန်း ကျွန်​တော်တို့ တကယ် မသိခဲ့ဘူး ကျစ် ... ကျစ် "

​မော်ဒယ်ရဲ့စကားလုံး​တွေက ​ပေါ်ယွီကို အထင်​သေး​နေပြီး ​သေနတ်ကို ပစ်ဖို့အတွက် ကျဉ်ထိုးလိုက်သလိုပင်ဖြစ်သည်။

အစ​တော့ ​ပေါ်ယွီ မှင်တက်သွား​​ပေမယ့် ဘာစကားမှပြန်မ​ပြောဘဲ ​မော်ဒယ်ကို ကြည့်ပြီး ပြုံးပြလိုက်သည်။

​ပေါ်ယွီက သူ့ကို ဘာမှပြန်မတုံ့ပြန်တဲ့အခါ ​​မော်ဒယ်က ​ဒေါသထွက်သွားသည်။သူ ​ပေါ်ယွီကို အရှက်ရ​အောင်လုပ်ဖို့ ပြင်လိုက်တဲ့အချိန်မှာ ​ဘေးမှာရှိတဲ့လူတစ်​ယောက်က ​ပေါ်ယွီကို စကား​ပြောလာသည်။

" ငါလည်း <The Young General> ကို ကြည့်​နေတာ အရူးအမူးပဲ​ဟေ့ ၊ ​ရှောင်​​ပေါ်ရဲ့သရုပ်​ဆောင်အရည်အချင်းက​တော့ ရှယ်ပဲကွ "   ပရိုဂျူဆာတစ်​ယောက်က ​​မော်ဒယ်ကို တစ်ချက်မကြည့်ဘဲ ဖြည်းညင်းစွာ ​ပြောလိုက်သည်။

​စော​စော​လေးတုန်းက ​ပေါ်ယွီကို စကားစ​ပြောတဲ့ ​မော်ဒယ်က​တော့ မုန်းတီး​နေတဲ့မျက်လုံး​တွေနဲ့အတူ ပါးစပ်ပိတ်​နေလိုက်ရ​တော့သည်။

​ပေါ်ယွီ ရယ်ပြလိုက်ကာ ဘာမှပြန်မ​ပြော​ခဲ့ပေ။

မကြာခင်မှာပဲ ထိပ်စည်း​ခေါင်းစဉ်ဟာ ​ပေါ်ယွီဆီက​နေ တခြားအရာ​တွေဆီ ​ပြောင်းလဲသွား​​သည်။အဲဒီ​နောက် ​ပေါ်ယွီလည်း အဲဒီ​ခေါင်းစဉ်အလယ်က​နေ ​အောင်​အောင်မြင်မြင် ထွက်ခွာလာခဲ့ပြီး နာမည်ကြီးဒါရိုက်တာ​တွေနဲ့ စကား​ပြောနိုင်ဖို့ အခွင့်အ​ရေးကို ဖမ်းဆုပ်လိုက်သည်။

_____________

Business reception က ဆယ်လွှာမှာ ဖြစ်သည်။

​ကောင်း​ကောင်းမွန်မွန် ၀တ်စားထားပြီး ပွဲတက်လာတဲ့ ချီယန်ကို စုန့်ရှီလင် မြင်တဲ့အခါ သူ မရည်ရွယ်ဘဲ မျက်​မှောင်ကြုတ်မိသွားသည်။ဖိတ်စာလည်းမပါဘဲ ချီယန်က ဘယ်လိုလုပ် ဒီထဲကို ၀င်လာတာလဲ?

ချီယန်က ၀ိုင်တစ်ခွက်နဲ့အတူ ​ရောက်လာပြီး ပြုံးလိုက်သည်။   " ​သောက်ကြမလား ? "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now