Part-17(Zawgyi & Unicode)

Start from the beginning
                                    

"မောင်...မင်းကိုဘယ်လောက်တောင်လွမ်းနေရလဲဆိုတာ မင်းသိလား။"

"မယုံဘူးသိလား။ ငါ့ကိုဖုန်းလေးတစ်ချက်တောင်မဆက်တာ၊ ငါဆက်တော့လည်းမကိုင်ဘူးလေ။"

"မဟုတ်ရပါဘူးကွာ။မင်းကမောင်နဲ့ပတ်သတ်ပြီးအရေးစိုက်မှုရှိရဲ့လားသိချင်ယုံပါ။ မောင်အတင်းသိမ်းမပိုက်ထားချင်ဘူးမေမီဇော်... မောင်တို့နှစ်ယောက်လုံးပင်ပန်ရလိမ့်မယ်။"

"အခုရော၊ ဘယ်လိုလဲပျော်ပြီလားဟင်..."

"ဒါပေါ့။ ပျော်တာပေါ့ မင်းကမောင့်ဆီကိုလိုက်လာတာကို၊ မောင်ဘယ်လောက်ထိပျော်နေလဲဆိုတာ မင်းမသိဘူး မေမီဇော်။"

"ဒါနဲ့လေ Matteo Alcântara ဆိုတဲ့နာမည်ကမေမီလည်းမသိရပါလား။"

"အင်း။ အဲ့တာကမောင့်အဖိုးပေးထားခဲ့တာလေ။မောင့်အဖိုးက Spain လူမျိုးလေ။ မောင်ရဲ့ဒယ်ဒီက Latin America သွေး
နှော။"

"ဒါဆို!...ခန့်ညီက ကပြား‌လေးပေါ့နော်။"

"အင်း။"

"Woo!...ဒါမို့ခန့်ညီ ရဲ့မျက်နှာပုံစံ၊အထားအသိုကအစ အဲ့ဘက်နည်းနည်းရောက်နေတာကို ဒါနဲ့ ခန့်ညီဒယ်ဒီကော"

"ခရီးထွက်နေတာ။အထူးသဖြင့် ဒယ်ဒီက Madrid မှာဘဲအချေချတာများတယ်။သုံးလတစ်ခါလောက်မှသာအိမ်ပြန်လာဖြစ်တာ။"

"ခန့်ညီ ပျင်းနေတော့မှာပေါ့။"

"အရင်ကတော့ပျင်းတာပေါ့ ခြောက်ကပ်ကပ်နဲ့လေ။ ခုတော့ မောင့်ဘေးမင်းရှိပြီလေ။"

မေမီတို့ စကားပြောနေတုန်းခန့်ညီရဲ့ဖုန်း၀င်လာတော့သည်။ ကြည့်လိုက်တော့သူ့သူငယ် ချင်း ကောင်းမြတ်စံဖြစ်နေသည်။

"ခဏနော်။ မောင်ဖုန်းပြောလိုက်ဦးမယ်"

"အင်း။"

ခန့်ညီသူမကိုပြောပြီးသည်နှင့်ကောင်းမြတ်စံနဲ့ဖုန်းပြောဖြစ်သည်။

"အေး..ကောင်းမြတ်စံပြော"

"ဟဲ့ရောင်!...ငါတို့ကိုတော့လေပြင်းတွေတိုက်ဖို့လာနေတယ်။"

"မင်းကဘာစကားကြီးလဲကွ။ ရှင်းရှင်လင်းလင်းပြော‌စမ်းပါ။"

"ငါတို့ကိုဟိုဘက်ကျောင်းကကောင်တွေ
မကျပ်နပ်ဘူးလို့ကြားလို့၊အထူးသဖြင့် ဟိုကောင် ကောင်းမင်းထက်တို့ပေါ့ကွာ"

မောင်စေလိုရာ (OC) [Complete] Where stories live. Discover now