"သမီးအခုပဲဖြစ်ဖြစ် ဒီအတိုင်းသေလိုက်ပြီး တခြားလူအဖြစ် ဝင်စားလိုက်ရမလား"

"????"

"စိတ်မပူပါနဲ့ နင်မုန့်ရဲ့ သူ့ဆီကိုသာ အရင်သွားလိုက်။ အဖေ နောက်မှ လာကယ်ပေးမယ်" တံခါးအပြင်သို့ သူမကို တွန်းထုတ်ရင်းပင် နင်ဝမ့်ထောင် ပြောလိုက်၏။

တော်တော်ကို စိတ်ချလက်ချ နေနိုင်လိုက်တဲ့ အဖေ!

"..."

ထို အခြေအနေလေးမှာပဲ သူမရဲ့ ‌အဖေက ယုံကြည်အားထားလို့ မကောင်းတဲ့လူဆိုတာ နင်မုန့် ခံစားလိုက်ရ၏။
....

Villaတွင် ဖြစ်သည်။

နင်မုန့် သူမရဲ့ ကားကို အပြင်တွင် ရပ်ထားပြီး‌တဲ့နောက် villaအ‌ခြေအနေကို စူးစမ်းချင်တာမို့ တံခါးကို တတ်နိုင်သမျှ အတိုးဆုံး ညင်သာအောင် ဖွင့်လိုက်လေသည်။

ဆိုဖာ‌ပေါ်မှာ‌ရော ထမင်းစားခန်းထဲမှာရော တစ်ယောက်မှ ရှိမနေပေ။

အနောက်ဥယျာဉ်ဘက်ကို ရောက်သွားတဲ့အခါ ချက်ချင်းဆိုသလို ထျန်းထျန်းလေးက သူမဆီသို့ ခုန်ရင်း နှုတ်ဆက်လာလေသည်။ ထိုနေရာမှာလဲ ဟော်ပေ့ချန်ကို ရှာမတွေ့ပေ။ တဖန်လှည့်လိုက်ပြီး အပေါ်သို့ ကြည့်လိုက်သည့်အခါမှာတော့ ခွက်တစ်ခွက် ကိုင်ထားကာ စာကြည့်ခန်းရဲ့ ပြတင်းမှန်နားမှာ ကျောက်ရုပ်တစ်ရုပ်လို ရပ်နေရင်း သူမကို ကြည့်နေသည့် ဟော်ပေ့ချန်ကို တွေ့လိုက်ရတော့၏။

"!!"

ဟော်ပေ့ချန်က သူမကို တိတ်တိတ်လေး ကြည့်နေသည်ကို သိလိုက်တဲ့အခါ ကြောက်လွန်း၍ မြေပြင်ပေါ်သို့ လဲကျတော့မတတ် ဖြစ်သွားရသည်။

"ဟိုင်း…"

သူ့အား လက်ပြရင်း ပြုံးပြနိုင်ဖို့ရာ နင်မုန့်အနေနဲ့ ရှိသမျှ အင်အားစု အတော်အားယူလိုက်ရ၏။ ဟော်ပေ့ချန်ကတော့ စကားတစ်ခွန်းတောင်  မပြောလာပေ။ လက်ထဲရှိ ခွက်ထဲမှ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည့်တိုင် ဟော်ပေ့ချန်ရဲ့ အကြည့်‌တို့က နင်မုန့်အပေါ်မှာ ကော်တစ်ခုနှယ် မခွာသွားပေ။

"ဘာလက်ဖက်ရည် သောက်နေတာလဲဟင်" နင်မုန့် မေးလိုက်သည်။

ဟော်ပေ့ချန်ကတော့ သူ့ခွက်ကိုသာ နောက်တကြိမ် ပြန်ကြည့်လိုက်သည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Tempat cerita menjadi hidup. Temukan sekarang