အပေါ်ပိုင်းဗလာနဲ့ Jungkook က မီးဖိုနားသွားကာ မီးလှုံရင်း အဝတ်တွေခြောက်တဲ့အထိကြိုးစားနေလေရဲ့....Taehyung ကမုန့်ထုတ်ထဲမှာ နွားနို့ဘူးတွေတွေ့တာကြောင့် Jungkook ခူးလာတဲ့စတော်ဘယ်ရီကိုထည့်ကာ နွားနို့နဲ့ရောပြီး သောက်စရာပြင်နေလေသည်....

"ရော့...."

Jungkook နားထိုင်ကာ Taehyung လှမ်းပေးလာတဲ့နွားနို့နဲ့ ရေညှိထမင်းလိပ်....Jungkook လှမ်းယူလိုက်ရင်း....

"မင်းကရော...."

Taehyung က စတော်ဘယ်ရီနဲ့နွားနို့ခေါက်ထားတဲ့ပန်းကန်လေးကိုမြှောက်ပြကာ...

"ငါလည်းမင်းနဲ့အတူတူစားမလို့ ...မင်းက ငါပိုင်တဲ့စတော်ဘယ်ရီတွေ မစားချင်ဘူးဆိုလို့ "

Jungkook ဘာမှမပြောဘဲ ရေညှိထမင်းလိပ်ကိုသာစားနေလိုက်သည်...ညစာကမီးဖိုနားမှာထိုင်စားရင်း ဘာစကားမှမဆိုဖြစ်ကြဘဲ ပြီးဆုံးသွားသည်...အခက်တွေ့ရတာက အိပ်မယ့်အချိန်ပဲဖြစ်သည်...

"ငါမီးဖိုနားမှာအိပ်လိုက်မယ်"

Jungkook စကားကြောင့် Taehyung က

"အိပ်ရာခင်းတစ်ခုပဲရှိတာလေ မင်းကကြမ်းပြင်ပေါ်အိပ်မလို့လား မိုးတွေဒီလောက်ရွာပြီးချမ်းအေးနေတာကို.."

"စောင်ပေးလိုက် အဲ့တာခင်းအိပ်လိုက်မယ်"

"Jeon Jungkook ငါစောင်မခြုံဘဲ မအိပ်တတ်ဘူး"

Jungkook စိတ်ရှပ်စွာ ခေါင်းကိုလက်တွေနဲ့ထိုးဖွပစ်သည်....Taehyung က မီးဖိုကမီးစကို ဆေးလိပ်မှာမီးညှိလိုက်ရင်း ....

"မင်းငါ့ကိုကြည့်လို့မရသလို ငါလည်းမင်းကိုကြည့်လို့မရပါဘူး အဲ့အတွက် အတူအိပ်လို့လည်း မင်းအပေါ်ငါဘာခံစားချက်မှရှိလာမှာမဟုတ်ဘူး...."

"ငါလည်းရှိလာမှာမဟုတ်ဘူး မင်းနေရာမှာ ငါ့ချစ်သူဆိုရင်တစ်မျိုးပေါ့..."

Jungkook စကားကြောင့် Taehyung က မဲ့ပြုံးပြုံးသည်....

"ငါ ဆေးလိပ်သောက်ဦးမယ် မင်းအိပ်ချင်အိပ်နှင့်လေ"

Jungkook လည်းမအိပ်သေးဘဲ မီးဖိုနားထိုင်ကာမီးလှုံနေလိုက်သည်...Taehyung သောက်နေတဲ့ ဆေးလိပ်နံ့က Jungkook နှာခေါင်းဆီတိုးဝင်လာခဲ့လေလျှင်....

💜 Next to You 💜Where stories live. Discover now