"အဲ့တာကြောင့် မဖျားချင်ရင် အဝတ်တွေချွတ်...မင်းကိုပြောနေရင်း ငါ့အဝတ်တွေတောင် ရတော့မယ်"
Jungkook ပြောတာလည်းဟုတ်တာမလို့ Taehyung ကြယ်သီးတွေဖြုတ်ကာ...
"ဟိုဘက်လှည့်ထား....Fu..k ကြည့်နေတာလား..."
"Hey မင်းမဆဲနဲ့နော် ..မင်းပဲ မရှက်ဘူးဆို..."
Taehyung စိတ်ထဲကနေ Jungkook ကိုဆဲဆိုနေမိသည်...တကယ်တမ်းသူရှက်တာမဟုတ် သူ့ရဲ့ကြွက်သားမရှိ ဗလမရှိ ကိုယ်သေးသေးကို Jungkook မြင်ရင်ဟားမှာစိုးလို့သာဖြစ်သည်...
Jungkook မီးဖိုဘက်အာရုံစိုက်နေတုန်း Taehyung အဝတ်တွေအမြန်ချွတ်ကာ တစ်ထည်ထဲရှိတဲ့စောင်နဲ့ပတ်ထားလိုက်သည်...
Jungkook ကိုပစ်ပေးလာတဲ့ အဝတ်တွေကို ယူလိုက်ရင်း Taehyung ကိုကြည့်မိတော့ ရယ်ချင်စိတ်ကိုထိန်းလိုက်မိသည်....ကြည့်ဦး စောင်နဲ့ပတ်ထားကာ ထိုင်နေတာကြောင့် တစ်ကိုယ်လုံးစောင်ထဲမြှုပ်ကာ ကလေးသေးသေးလေးနဲ့တူနေသည်...အလိုမကျတဲ့မျက်နှာက ဆူပုတ်နေတာတောင် ချောမောနေသေးသည်...Kim Taehyung က ဆုတောင်းကောင်းပါသည်....
Taehyung အဝတ်တွေရော မီးကင်ပေးနေတဲ့ Jungkook ကိုကြည့်ရင်း စတော်ဘယ်ရီခြင်းဆီအကြည့်ရောက်တော့ Taehyung မျက်လုံးလေးတွေလက်သွားသည်...
"Jungkook ကားပေါ်မှာ ငါလမ်းမှာစားဖို့မုန့်တွေဝယ်ထားတာပါတယ်လေ...အဲ့တာသွားယူပေး..."
"မင်းကို ရှုတ်နေတာပဲ ..."
"ဆေးလိပ်ဘူးပါယူခဲ့နော်..."
Jungkook က မသွားချင်သွားချင်နဲ့ထသွားသည်...Taehyung ကစောင်ကြီးပတ်ထားတဲ့ကိုယ်နဲ့ စတော်ဘယ်ရီခြင်းနားဘယ်လိုသွားရမလဲလို့ စဉ်းစားနေလေသည်....
Jungkook အပြေးပြန်ဝင်လာကာ လက်ထဲကမုန့်ထုတ်ရယ် ရင်ခွင်ထဲက အဝတ်တစ်ခုရယ်ပိုက်ထားသည်....မိုးတောထဲကားဆီသွားရတာကြောင့် Jungkook တစ်ကိုယ်လုံးပြန်စိုရွှဲနေလေရဲ့....
"ရော့ ဒါဝတ်ထားလိုက် ငါ့လက်ရှည် ကားထဲမှာချွတ်ထားတာတွေ့လို့..."
Taehyung ဆီပစ်ပေးလာတဲ့ အနက်ရောင်အကွက်လက်ရှည်အကျီတစ်ထည်....Taehyung ဝတ်လိုက်ကာ ထလာတော့ Jungkook အကျီက ပေါင်လယ်ထိရှည်ကာ အားကစားဘောင်းဘီအတိုအနက်လေးကိုလုံအောင်မဖုံးနိုင်ပေ..
BINABASA MO ANG
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-7
Magsimula sa umpisa
