"Jungkook.....မိုးရွာတော့မယ်ထင်တယ် ဟိုးးအိမ်လေးမှာ မိုးခိုရအောင်..."
Taehyung က အော်ပြောလာရင်း မျက်စိတစ်ဆုံးစိုက်ခင်းကြီးရဲ့အလယ်က တစ်လုံးထဲပဲရှိတဲ့အိမ်သေးသေးလေးဆီလက်ညှိုးထိုးပြသည်...
"ဝန်ထမ်းတွေက အကုန်ပြန်ကုန်ပြီလား..."
"အင်း သူတို့စက်ရုံကိုတင်သွင်းပြီးတာနဲ့ အိမ်ပြန်ကြမှာ..."
"ဒီအခင်းကို ညစောင့်တဲ့သူတွေကရော"
"ဟိုးမှာ..."
Taehyung ပြတဲ့နေရာကိုကြည့်တော့ လှောင်အိမ်ထဲက ခွေးနက်ကြီးတွေမှာ ၅ ကောင်လောက်ရှိပေလိမ့်မည်...Jungkook ဘာမှမပြောတော့ပဲ ခြင်းပြည့်အောင်ဆက်ခူးနေတော့ မိုးတွေရွာလာတော့သည်...Jungkook လည်းပြေးမလို့လုပ်တော့ ရုတ်တရက် Taehyung ကလက်ကိုဆွဲကာ ခြံအဝင်က ကားဆီပြေးတော့သည်.....
"Hey...မင်းပဲ စိုက်ခင်းအလယ်ကအိမ်ဆီဆို..."
မိုးသံတွေကြားမှာ Jungkook အော်မေးတော့...
"ဒါဆိုကားကို အဲ့နားမှာပဲထားမလို့လား....အရင်သွားယူပြီးစိုက်ခင်းအလယ်ထိမောင်းရမယ်လေ"
Taehyung ပြောတာသဘာဝကျသည်မို့ အရှေ့ကနေ သူ့လက်ကိုဆွဲကာ ပြေးနေတဲ့ Taehyung လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး Jungkook က ပြန်ဆွဲပြေးတော့သည်....Jungkook အပြုမူကြောင့် Taehyung အံသြကာ သူ့ကိုကြည့်မိတော့ မသိချင်ယောင်ဆောင်နေတဲ့ Jungkook.....
ကားဆီရောက်တော့ နှစ်ယောက်လုံးစိုရွှဲနေပြီဖြစ်သည်... ထို့နောက်စိုက်ခင်းအစကနေအဆုံးထိဖောက်ထားတဲ့အလယ်လမ်းအတိုင်းမောင်းလာခဲ့သည်....
စိုက်ခင်းအလယ်က အိမ်သေးလေးဆီရောက်တော့မှ နှစ်ယောက်သား အိမ်လေးထဲဝင်ခဲ့ကြသည် ...
အိမ်အတွင်းပိုင်းလေးက သန့်ရှင်းသပ်ရပ်နေကာ မီးအိမ်လေးတွေပါထားထားသည်...အခန်းမပါဘဲ ခပ်ကျဉ်းကျဉ်းအိမ်လေးမှာ ထမင်းစားပွဲပုလေးရယ် ဗီရိုအသေးလေး တစ်လုံးရယ်နဲ့ စိုက်ခင်းသုံးပစ္စည်းအနည်းငယ်ရှိလေသည်.... ထို့နောက်အခန်းထောင့်နားမှာ မီးသွေးမီးဖိုတစ်ခုရယ် မီးဖိုဘေးနားကစင်အသေးလေးပေါ်မှာ စားစရာအခြောက်အခြမ်းအနည်းငယ်ရှိပါသည်....
"Taehyung ဒီအိမ်က..."
"ညစောင့်အိပ်တဲ့ ဝန်ထမ်းတစ်ယောက်နေတာ...သူကအခု ဇာတိခနပြန်သွားလို့ မနေတော့တာ...ခွေးတွေကိုလည်း သူပဲလွှတ်ပေးရတာလေ...ခုနကစက်ရုံသွားပို့တဲ့ထဲမှာ ဒီညအလှည့်ကျစောင့်အိပ်မယ့်သူလည်းပါသွားတယ်..မိုးတွေရွာတော့ ပြန်လာပါ့မလားမသိဘူး..."
စကားပြောနေရင်း Taehyung ph က မြည်လာကာ ...
"Hello..."
".........."
"ဟင်...မုန်တိုင်းရှိတယ် ဟုတ်လား...."
"........."
"၃ ရက်....သိပြီ......လုံခြုံအောင်နေကြပါ စိုက်ခင်းကစိတ်မပူလည်းရတယ်...ကျွန်တော်ရှိနေမှာမို့..."
"ဘာတဲ့လဲ Taehyung"
Ph ချတော့ မေးလာတဲ့ Jungkook...Taehyung သက်ပျင်းချကာ အိမ်ရဲ့ကြမ်းပြင်လေးပေါ်ထိုင်ချတော့ Jungkook ကပါထိုင်ချလာသည် ..
"မုန်တိုင်းရှိတယ် ၃ ရက်ဆိုပဲ...ဘူဆန်က အန္တရာယ်အများဆုံးမလို့ အိမ်မှာပဲနေတဲ့ .....စက်ရုံသွားပို့တဲ့ဝန်ထမ်းတွေလည်း စက်ရုံမှာပဲ အိပ်ရတော့မှာတဲ့...သက်သက်ပြန်သွားတဲ့ဝန်ထမ်းတွေကတော့ အိမ်တွေပြန်ရောက်နေလောက်ပါပြီ..."
"ဒါဆို ဆိုးလ်ကိုက...."
"အင်း ပြန်လို့မရတော့ဘူး....၃ ရက်ဒီမှာနေရမှာ..."
Jungkook စိတ်ရှတ်သွားရသည် ...သူဟာ Kim Taehyung နဲ့ ဒီအိမ်သေးသေးလေးထဲမှာ ပူးကပ်နေရမှာကို တွေးပြီစိတ်ကုန်မိသည်....
"အရမ်းလည်းဖြစ်ပျက်မနေပါနဲ့ ... ငါလည်းမင်းနဲ့နေချင်လွန်းလို့မဟုတ်ပါဘူး...."
Jungkook ကတစ်ခုခုပြန်ပြောဖို့ပြင်မလို့ကို Taehyung က လက်ကာပြလိုက်ရင်း...
"Sorry...ငါ့ကြောင့်ပါအားလုံးက ငါသိတယ်..."
အပြင်ကမိုးက သည်းထန်စွာရွာသွန်းနေကာ လေပြင်းတွေပါတစ်ချက်တစ်ချက်တိုက်လာခဲ့သည်....ချမ်းစိမ့်နေတဲ့ခံစားချက်ကြောင့် Jungkook ရော Taehyung ပါ မိုးစိုထားတာမလို့ခိုက်ခိုက်တုန်နေလေသည်...Jungkook က မီးမွှေးဖို့ပြောမလို့ကို ထင်တာတွေဇွတ်ပြောနေတဲ့ Taehyung ....
"မင်း ပါးစပ်ကိုပိတ်ပြီး နွေးအောင်ဘယ်လိုလုပ်မလဲစဉ်းစားစမ်းပါ...."
အားရင်အားသလို up ပေးမယ်နော် ဒါလေးကို
20.9.2021
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-6
Start from the beginning
