"Jungkook.....မိုးရွာတော့မယ်ထင်တယ် ဟိုးးအိမ်လေးမှာ မိုးခိုရအောင်..."

Taehyung က အော်ပြောလာရင်း မျက်စိတစ်ဆုံးစိုက်ခင်းကြီးရဲ့အလယ်က တစ်လုံးထဲပဲရှိတဲ့အိမ်သေးသေးလေးဆီလက်ညှိုးထိုးပြသည်...

"ဝန်ထမ်းတွေက အကုန်ပြန်ကုန်ပြီလား..."

"အင်း သူတို့စက်ရုံကိုတင်သွင်းပြီးတာနဲ့ အိမ်ပြန်ကြမှာ..."

"ဒီအခင်းကို ညစောင့်တဲ့သူတွေကရော"

"ဟိုးမှာ..."

Taehyung ပြတဲ့နေရာကိုကြည့်တော့ လှောင်အိမ်ထဲက ခွေးနက်ကြီးတွေမှာ ၅ ကောင်လောက်ရှိပေလိမ့်မည်...Jungkook ဘာမှမပြောတော့ပဲ ခြင်းပြည့်အောင်ဆက်ခူးနေတော့ မိုးတွေရွာလာတော့သည်...Jungkook လည်းပြေးမလို့လုပ်တော့ ရုတ်တရက် Taehyung ကလက်ကိုဆွဲကာ ခြံအဝင်က ကားဆီပြေးတော့သည်.....

"Hey...မင်းပဲ စိုက်ခင်းအလယ်ကအိမ်ဆီဆို..."

မိုးသံတွေကြားမှာ Jungkook အော်မေးတော့...

"ဒါဆိုကားကို အဲ့နားမှာပဲထားမလို့လား....အရင်သွားယူပြီးစိုက်ခင်းအလယ်ထိမောင်းရမယ်လေ"

Taehyung ပြောတာသဘာဝကျသည်မို့ အရှေ့ကနေ  သူ့လက်ကိုဆွဲကာ ပြေးနေတဲ့ Taehyung လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး Jungkook က ပြန်ဆွဲပြေးတော့သည်....Jungkook အပြုမူကြောင့် Taehyung အံသြကာ သူ့ကိုကြည့်မိတော့ မသိချင်ယောင်ဆောင်နေတဲ့ Jungkook.....

ကားဆီရောက်တော့ နှစ်ယောက်လုံးစိုရွှဲနေပြီဖြစ်သည်... ထို့နောက်စိုက်ခင်းအစကနေအဆုံးထိဖောက်ထားတဲ့အလယ်လမ်းအတိုင်းမောင်းလာခဲ့သည်....
စိုက်ခင်းအလယ်က အိမ်သေးလေးဆီရောက်တော့မှ နှစ်ယောက်သား အိမ်လေးထဲဝင်ခဲ့ကြသည် ...

အိမ်အတွင်းပိုင်းလေးက သန့်ရှင်းသပ်ရပ်နေကာ မီးအိမ်လေးတွေပါထားထားသည်...အခန်းမပါဘဲ ခပ်ကျဉ်းကျဉ်းအိမ်လေးမှာ ထမင်းစားပွဲပုလေးရယ် ဗီရိုအသေးလေး တစ်လုံးရယ်နဲ့ စိုက်ခင်းသုံးပစ္စည်းအနည်းငယ်ရှိလေသည်.... ထို့နောက်အခန်းထောင့်နားမှာ မီးသွေးမီးဖိုတစ်ခုရယ် မီးဖိုဘေးနားကစင်အသေးလေးပေါ်မှာ စားစရာအခြောက်အခြမ်းအနည်းငယ်ရှိပါသည်....

💜 Next to You 💜Where stories live. Discover now