"အိမ်မှာတုန်းက မကောင်းသေးဘူး ...အခုက စတော်ဘယ်ရီတွေကိုမြင်လို့ထင်တယ် မထင်မှတ်ပဲကောင်းသွားတာ အပျော်လွန်ပြီး..."
"အော်....."
Jungkook ရဲ့ အော်က သူ့ကိုမယုံလို့ထွက်လာတဲ့စကားမှန်း Taehyung သိသည်....လက်ထဲကခြင်းကို Jungkook ဆီထိုးပေးရင်း ...
"ရော့ အိမ်အတွက် စတော်ဘယ်ရီတွေခူးပေး..."
"ဘာလို့ ...ငါကလား..."
"အင်း မင်းလေ ....ဒီနားမှာ မင်းအပြင်ဘယ်သူရှိသေးလို့လည်း..."
Jungkook က မျက်ခုံးတွေတွန့်ချိုးပစ်ကာ.....
"မခူးချင်ပါဘူး....မင်း ခူးပါ့လား..."
Taehyung က Jungkook လက်ကိုဆွဲကာ ခြင်းကိုထိုးထည့်ပေးရင်း.....
"ငါက ခူးတာနဲ့ပါးစပ်ထဲတန်းထည့်နေတာတောင် မအားဘူး...အိမ်မှာလည်း စားချင်လို့ မင်းခူးခဲ့ပေး...မင်းလည်းစားချင်စားလေ..."
"မစားချင်ပါဘူး...ခူးလည်းမခူးချင်ဘူး မင်းပိုင်တဲ့ခြံမလို့ကို မစားတာ.."
Taehyung စိတ်ဆိုးဆိုးနဲ့ Jungkook ခြေသလုံးကိုပိတ်ကန်ရင်း...
"မင်းကြောင့် ငါ့ခြေထောက်ဒဏ်ရာရတာလေ ဒါလေးတော့ပြန်လုပ်ပေးမှပေါ့..."
နာသွားတဲ့ခြေထောက်ကို Jungkook ခါးကုန်းကာပွတ်နေရင်း Taehyung ကျောပြင်ကိုကြည့်ကာ ကျိန်ဆဲမိသည် ...
...စတော်ဘယ်ရီနင်ပြီးသေပါစေ...
Taehyung ဟိုဘက်အတန်းမှာ စတော်ဘယ်ရီခူးနေတဲ့ Jungkook ကိုကြည့်ကာ တခွိခွိရယ်နေမိသည်....ဒီကောင်သူ့ကိုအလျော့ပေးနေတာ Taehyung အပူလောင်တာ သူ့ကြောင့်ဆိုတဲ့အပြစ်ကြီးခံစားနေရလို့ဖြစ်မည်...Jungkook ကိုခိုင်းစားနိုင်လို့ Taehyung အကျေနပ်ကြီးကျေနပ်ကာ ပျော်နေခြင်းဖြစ်သည်....
စတော်ဘယ်ရီခူးနေတဲ့ Jungkook ကို Taehyung ဓာတ်ပုံခိုးရိုက်လိုက်သည်...နောက်ဆို ဒီပုံကိုပြပြပြီး Jungkook ကိုလှောင်ရန်ဖြစ်သည်....
Jungkook ခြင်းတစ်ခြင်းပြည့်ခါနီးအထိခူးနေတုန်း မိုးတိမ်တွေညှို့မှိုင်းလာနေသည်....Taehyung ကိုလှမ်းကြည့်တော့ စိုက်ခင်းကို ပြုစုပေးတဲ့သူတွေနဲ့စကားပြောနေကာ ထိုသူတွေလှမ်းပေးတဲ့ ပုလင်းလေးနှစ်ခုကိုယူနေလေသည်....ထိုလူတွေက Taehyung ကိုဦးညွတ်နှုတ်ဆက်ကာ စတော်ဘယ်ရီအပြည့်တင်ထားတဲ့ကား ၂ စီးပေါ်တက်ကာ မောင်းထွက်သွားလေသည်...နောက်ကနေဝန်ထမ်းတွေလိုက်သွားတဲ့ကားပါ ပါသွားလေသည်...
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-6
Start from the beginning
