ဒီနေ့လည်း ဝန်ကြီးချုပ် Jeonတက်ရောက်ရမယ့် ညစာစားပွဲအား သူတို့နှစ်ယောက်ကိုဖိတ်လာသည်... သူဌေး Kim ပါတက်ရောက်မှာကြောင့် အေးဆေးမိတ်ဆက်ကြရန်ဖြစ်သည်...ထို့ကြောင့် ညနေစောင်းအချိန်တွင် Jungkook ရော Taehyung ပါ အခန်းထဲအဝတ်လဲနေကြသည်....
Taehyung က အနီရောင် Suit ဝတ်ပြီး Jungkook က နက်ပြာရောင် Suit နဲ့ဖြစ်သည်...Jungkook Taehyung လက်တွေကိုကြည့်မိတော့ လက်သူကြွယ်က လက်ထပ်လက်စွပ်ကအထင်းသား....
"လက်ထပ်လက်စွပ်ဝတ်ဖို့အထိလိုလို့လား...."
"Media ပေါင်းများစွာရှေ့မှာ အရှက်မကွဲချင်ရင် ဝတ်ခဲ့..."
ထိုတစ်ခွန်းသာပြောပြီး ထွက်သွားတဲ့ Taehyung...Jungkook လည်းအသင့်စောင့်နေတဲ့ ပြိုင်ကားအနီပေါ်တက်တော့ ဘေးက Taehyung ကမျက်လုံးတွေကိုမှိတ်ထားလေသည်...
"ကားအမိုးဖွင့်လိုက်ပါ ..."
"အစ်ကိုလေး Taehyung ခေါင်းမူးလို့လား"
"အင်း...."
Taehyung ကားတွေအများကြီးမစီးရသည့်အကြောင်းအရင်းဖြစ်ပေလိမ့်မည်....
ညစာစားပွဲကျင်းပတဲ့ လွှတ်တော်အမတ်၏ အိမ်တော်ထဲ Jungkook တို့ကားဝင်သွားတော့ များစွာသော Camera တွေက တစ်ဖျတ်ဖျတ်နဲ့မရပ်မနားရိုက်ကူးနေကြသည် ...Camera တွေကိုစိတ်အိုက်စွာကြည့်နေရင်း လူငယ်လေးတစ်ယောက်က ဦးဆောင်လာခေါ်တာကြောင့် နှစ်ယောက်လုံးနောက်ကနေလိုက်သွားမိသည်....
ဝန်ကြီးချုပ် Jeon နဲ့ သူဌေး Kim ထိုင်နေတဲ့ဝိုင်းကိုပို့ပေးသည်....Jungkook နဲ့ Taehyung လည်း လွတ်နေတဲ့ခုံပေါ်မှာဝင်ထိုင်ကာ ဘာစကားမှမဆိုမိပေ...လေးယောက်လုံးမျက်နှာချင်းဆိုင်တွေထိုင်နေပေမယ့် အကဲခတ်ကာတိတ်ဆိတ်နေကြသည်....
"အိမ်ထောင်ရေးကဘယ်လိုလည်း သားမက် Kim ကမင်းကိုရော ဂရုစိုက်ရဲ့လား...."
Jungkook ကခပ်ထေ့ထေ့ပြုံးကာ ...
"ဝန်ကြီးချုပ်စီမံတဲ့အိမ်ထောင်ပဲလေ သာယာလားမသာယာလားဘာလို့ဂရုစိုက်နေသေးလဲ...."
Jungkook စကားကြောင့် သူဌေး Kim ပါမျက်နှာပျက်သွားလေသည်....ဝန်ကြီးချုပ် Jeon က အပြုံးတောင်မပျက်ပေ Jungkook ဆီကကြားနေကြပုံစံလိုမျိုးနေသားကျနေခဲ့သည်....Taehyung တွေးနေမိတာက Jungkook နဲ့သူ့အဖေက အဆင်မပြေဘူးဆိုတာကိုပင်....
"သားမက် Kim..."
"......."
"သားမက် Kim က သူဌေး Kim ရဲ့သားလိမ္မာလေးလို့သိရတယ်...Jungkook ကိုစောင့်ရှောက်ပေးပါဦး...မင်းကိုအပ်ပါတယ်..."
"ကျွန်တော်က မလိမ္မာပါဘူး..."
Taehyung ရဲ့ပက်ခနဲပြန်ပြောတဲ့စကားကြောင့် သူဌေး Kim က Taehyung ကိုစူးစူးရဲရဲကြည့်ကာ...
"Kim Taehyung...ကောင်းကောင်းဖြေစမ်း...မင်းတစ်ခုခုလုပ်တာနဲ့ ဘယ်သူထိခိုက်မလဲသိတယ်မလား...."
ဂျစ်စုတ်စုတ်မျက်နှာပေးကနေ ချက်ချင်းပြောင်းလဲသွားတဲ့ Taehyung....Jungkook ရင်ထဲတွေးနေမိတာက Taehyung ကိုငြိမ်ကျသွားအောင် ဘယ်အရာကလုပ်တာလဲ ...
"ဟုတ်ကဲ့ စိတ်ချပါ...."
"မင်းတို့ ကွာရှင်းဖို့ကြိုးစားတာနဲ့ မင်းတို့မြတ်နိုးတဲ့အရာတွေဆုံးရှုံးဖို့ပြင်ထားပါ..."
Jungkook ကလက်သီးဆုပ်ကိုတင်းနေအောင်ဆုပ်လိုက်တာကို တွေ့လိုက်ရသည်....Taehyung က မေးကြောတွေတင်းနေအောင်အံကြိတ်ထားလေသည်....
"ဒါပဲမလား Kim Taehyung ပြန်ရအောင်..."
Jungkook စကားတောင်မဆုံးသေး Taehyung က ထရပ်သည်....
"ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ် ခွင့်ပြုပါဦး..."
ပြန်လာတဲ့လမ်းတစ်လျှောက်လုံး ကိုယ်စီတိတ်ဆိတ်နေကြသည်...တစ်နေရာရောက်တော့....
"ကားရပ်....."
Jungkook စကားကြောင့် ကားကတုံ့ခနဲရပ်သွားသည်...Taehyung ပတ်ဝန်းကျင်ကို လှမ်းကြည့်မိတော့ Cafe ဆိုင်တစ်ခု....ထိုဆိုင်ထဲက ပုံရိပ်လေးကို Jungkook ငေးမောနေတာကြောင့် Taehyung ကားပေါ်ကဆင်းလိုက်ရင်း....
"လာလေ အထဲဝင်ပြီး တစ်ခုခုစားပြီးမှပြန်ရအောင်..."
စကားအဆုံး ထိုဆိုင်ထဲသို့ ဝင်သွားတဲ့ Taehyung နောက် Jungkook မှာအသည်းအသန်လိုက်ခဲ့ရတော့သည်...
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-4
Start from the beginning
