Taehyung က ဖူးယောင်နေတဲ့မျက်နှာကို လက်ခုံနဲ့ဖိပွတ်သုတ်ကာ CCTV ကနေကြည့်နေမယ့် ချယ်ရာမင် ၂ ယောက်ကို လက်ခလယ်သွားထောင်ပြပစ်သည်...ပါးစပ်ကလည်း F..k U လို့ဆဲသွားကာ အပေါ်ထပ်သို့တက်သွားလေသည်....

Jungkook နာကျင်နေတဲ့မျက်နှာကို လက်နဲ့ဖိကိုင်ကာ Taehyung ကျောပြင်ကိုကြည့်ကာ ရယ်မိသည်...ဒီကောင်အခု သူ့အဖေရော ဝန်ကြီးချုပ်ကိုပါ ဆဲသွားတာ...တကယ့်သတ္တိခဲ....ပြီးမှ ဓာတ်ပုံတွေဆီအကြည့်ရောက်တော့ ဒေါသကတစ်ဖန်ထွက်လာခဲ့သည်...ထို့နောက်စိတ်ပူမှုပါရင်ထဲအလုံးအရင်းဝင်ရောက်လာသည်...ဝန်ကြီးချုပ်ဟာ သူ့ကိုတောင်အခုထိစောင့်ကြည့်နေတာ Min ကိုရော....

....Min......

............

Jungkook ညအိပ်မပျော်တာကြောင့် ဟိုလှိမ့်ဒီလှိမ့်နဲ့လှိမ့်ရင်း တစ်ဖက်ကိုလှည့်မိတော့ အိပ်မောကျနေတဲ့ Taehyung ကိုတွေ့ရသည်.....

သေချာကြည့်မှ Taehyung က အတော်လေးကိုချောလေသည် ..ဖူးယောင်နေတဲ့ မျက်နှာနဲ့တောင်ချောမောမှုကမလျော့သွားပေ... မျက်ခုံးထင်းထင်းလေးတွေကတန်းနေကာ မျက်လုံးမှိတ်ထားတာကြောင့် မျက်တောင်ရှည်ရှည်စိပ်စိပ်တွေကထူထဲနေကာ ပါးပြင်ပေါ်အရိပ်ကျနေသည်...ကကြီးပုံနှုတ်ခမ်းပါးက နီရဲနေကာအောက်ဘက်ကထောင့်နားမှာ သူ့လက်ချက်ကြောင့်ထွက်နေတဲ့ သွေးစကခြောက်သွေ့နေလေသည်....ထိုနှုတ်ခမ်းတွေပေါ်က အပြုံးကို သူမမြင်ဖူးပါ...အတော်လှလိမ့်မယ်လို့တော့ထင်မိသည်...

Jungkook ခေါင်းခါရမ်းလိုက်ရင်း ကျောပေးကာအိပ်စက်မိသည်....Kim Taehyung ကိုသူမုန်းသည်...Kim Taehyung ကြောင့် Min နဲ့သူကွဲခဲ့ရတာ....

.............

Jungkook နဲ့ Taehyung တို့အတူနေတဲ့အိမ်ကို အိမ်အကူကောင်မလေးတွေနဲ့ အဒေါ်ကြီးတွေက  သုံးရက်ခြားတစ်ခါလာရှင်းပေးကြသည်..စားသောက်ရေးအတွက် Chef တစ်ယောက်ခေါ်ထားပေးပေမယ့် အိမ်မှာရှုတ်သည်ဟုဆိုကာ ပြန်လွှတ်ကြသည်...နှစ်ယောက်လုံးက အပြင်မှာဘဲစားတာကြောင့် စားဖိုမှူးမလိုဘူးလို့အကြောင်းပြကြပါသည်...တကယ်တမ်း ဘယ်လိုမှအဆင်မပြေတဲ့ သူတို့ နှစ်ယောက်ရဲ့ဆက်ဆံရေးကို ဘယ်သူမှပေးမသိချင်တာကြောင့်ဖြစ်သည်....

💜 Next to You 💜Where stories live. Discover now