"မင်းစကားတွေကိုကြည့်ပြော Kim Taehyung.....ငါ့သိက္ခာကိုမင်းဘာမှထည့်ပြောစရာမလိုဘူး..."

Taehyung စိတ်တိုသွားကာ ကျောပိုးအိတ်အနက်ထဲက ပုံတစ်ထပ်ကို Jungkook ရင်ဘတ်ကိုပစ်ပေါက်လိုက်သည်....Jungkook ကြည့်မိတော့ Min နဲ့သူ့ရဲ့ပုံတွေ ရှုထောင့်အမျိုးမျိုးကရိုက်ထားတာတွေ....

"မင်းကငါ့ကိုလိုက် Stalk နေတာလား...အေးပေါ့လေ မင်းလို အားယားနေတဲ့ကောင်က ငါ့ကိုလိုက် Stalk ဖို့အချိန်တွေပေါများနေမှာပေါ့....."

Taehyung ဒေါသထွက်ကာ Jungkook အကျီရင်ဘတ်ကနေ ဆွဲမကာ ထစေလိုက်ပြီး မျက်လုံးတွေထဲထိစိုက်ကြည့်နေရင်း....

"ငါ့ကိုဝေဖန်ဖို့ မင်းမှာဘာအခွင့်အရေးမှမရှိဘူး....ပြီးတော့ မင်းလိုကောင်ကို လိုက် Stalk တယ်ပြောရအောင် မင်းကငါ့အတွက် နည်းနည်းလေးမှစိတ်ဝင်စားဖို့မကောင်းဘူး...ဒီပုံတွေက မင်းအဖေဝန်ကြီးချုပ်ငါ့ကိုပို့ပေးပြီး မင်းကိုမထိန်းဘူးလား ဘာညာနဲ့ကွိုင်လာရှာလို့....ငါကလည်းမင်းလို အိမ်ထောင်ကျပြီးတာတောင် အရင်ရည်းစားနဲ့ပလူးနေတဲ့ကောင်ကို သောက်ထင်ကိုမကြီးဘူးရှင်းလား"

...ခွပ်...

Taehyung မျက်နှာတစ်ဖက်သို့လည်ထွက်သွားသည် ...တစ်သက်လုံးဘယ်သူမှမရိုက်ခဲ့တဲ့မျက်နှာနုနုလေးပေါ် Jeon Jungkook ရဲ့အားပြင်းတဲ့လက်သီးချက်ရောက်လာတာကြောင့် နှုတ်ခမ်းထောင့်ကပေါက်ထွက်သွားကာ ငံကျိကျိအရသာတစ်ချို့ ပါးစပ်ထဲစီးဝင်လာခဲ့သည်....ခံပြင်းမှုတွေရော ဒေါသတွေရောကြောင့် Jungkook ကိုပြန်ထိုးချလိုက်သည်....ရန်ပွဲတိုင်းပါနေကြဖြစ်တဲ့ Taehyung က လက်ရည်ဝနေတာကြောင့် Jungkook နဲ့ယှဉ်နိုင်သည်...

တစ်ယောက်နဲ့တစ်ယောက်ထိုးကြိတ်နေကြရင်း အစောင့်တွေပြေးဝင်လာမှ နှစ်ဦးသားခွာလိုက်ကာ မုန်းတီးစွာကြည့်နေမိကြသည်....သူတို့မေ့နေတာ တစ်အိမ်လုံးကို CCTV တပ်ထားကာ Taehyung အဖေဆီက Network နဲ့ရော Jungkook အဖေဆီက Network နဲ့ပါချိတ်ထားတာကြောင့် ရန်ပွဲတိုက်ရိုက်ကြည့်ရသလိုဖြစ်နေမှာသေချာသည်....

အိပ်ခန်းထဲပဲလွတ်တဲ့ CCTV ကြောင့် အခုထိအခန်းခွဲမအိပ်ရသေးပေ...အစောင့်တွေဆိုတာလည်း အိမ်ပတ်ပတ်လည်ရော ခြံထဲမှာပါ နည်းတာမဟုတ်...Taehyung နဲ့ Jungkook က အိမ်ထောင်ကျတာတော့မှန်ပါသည်...အိမ်ဆိုတာ ထောင်လိုပင်ဖြစ်သည်....

💜 Next to You 💜Where stories live. Discover now