"သားမက် Kim..."

"......."

"သားမက် Kim က သူဌေး Kim ရဲ့သားလိမ္မာလေးလို့သိရတယ်...Jungkook ကိုစောင့်ရှောက်ပေးပါဦး...မင်းကိုအပ်ပါတယ်..."

"ကျွန်တော်က မလိမ္မာပါဘူး..."

Taehyung ရဲ့ပက်ခနဲပြန်ပြောတဲ့စကားကြောင့် သူဌေး Kim က Taehyung ကိုစူးစူးရဲရဲကြည့်ကာ...

"Kim Taehyung...ကောင်းကောင်းဖြေစမ်း...မင်းတစ်ခုခုလုပ်တာနဲ့ ဘယ်သူထိခိုက်မလဲသိတယ်မလား...."

ဂျစ်စုတ်စုတ်မျက်နှာပေးကနေ ချက်ချင်းပြောင်းလဲသွားတဲ့ Taehyung....Jungkook ရင်ထဲတွေးနေမိတာက Taehyung ကိုငြိမ်ကျသွားအောင် ဘယ်အရာကလုပ်တာလဲ ...

"ဟုတ်ကဲ့ စိတ်ချပါ...."

"မင်းတို့ ကွာရှင်းဖို့ကြိုးစားတာနဲ့ မင်းတို့မြတ်နိုးတဲ့အရာတွေဆုံးရှုံးဖို့ပြင်ထားပါ..."

Jungkook ကလက်သီးဆုပ်ကိုတင်းနေအောင်ဆုပ်လိုက်တာကို တွေ့လိုက်ရသည်....Taehyung က မေးကြောတွေတင်းနေအောင်အံကြိတ်ထားလေသည်....

"ဒါပဲမလား Kim Taehyung ပြန်ရအောင်..."

Jungkook စကားတောင်မဆုံးသေး Taehyung က ထရပ်သည်....

"ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ် ခွင့်ပြုပါဦး..."

ပြန်လာတဲ့လမ်းတစ်လျှောက်လုံး ကိုယ်စီတိတ်ဆိတ်နေကြသည်...တစ်နေရာရောက်တော့....

"ကားရပ်....."

Jungkook စကားကြောင့် ကားကတုံ့ခနဲရပ်သွားသည်...Taehyung ပတ်ဝန်းကျင်ကို လှမ်းကြည့်မိတော့ Cafe ဆိုင်တစ်ခု....ထိုဆိုင်ထဲက ပုံရိပ်လေးကို Jungkook ငေးမောနေတာကြောင့် Taehyung ကားပေါ်ကဆင်းလိုက်ရင်း....

"လာလေ အထဲဝင်ပြီး တစ်ခုခုစားပြီးမှပြန်ရအောင်..."

စကားအဆုံး ထိုဆိုင်ထဲသို့ ဝင်သွားတဲ့ Taehyung နောက် Jungkook မှာအသည်းအသန်လိုက်ခဲ့ရတော့သည်...






Unicode...





Taehyung နဲ့ Jungkook တို့ရဲ့အိမ်ထောင်ရေးဟာ ထိုအတိုင်းပင် အေးစက်စက်ဖြစ်ခဲ့သည်...အချစ်မပါတဲ့ယောကျာ်းသားနှစ်ယောက်ရဲ့ပေါင်းစပ်မှုဟာ မခါးသက်ရင်တောင် ချိုမြိန်မှုကင်းဝေးနေတာအမှန်ပင်...

💜 Next to You 💜Where stories live. Discover now