ဒီနေ့လည်း ဝန်ကြီးချုပ် Jeonတက်ရောက်ရမယ့် ညစာစားပွဲအား သူတို့နှစ်ယောက်ကိုဖိတ်လာသည်... သူဌေး Kim ပါတက်ရောက်မှာကြောင့် အေးဆေးမိတ်ဆက်ကြရန်ဖြစ်သည်...ထို့ကြောင့် ညနေစောင်းအချိန်တွင် Jungkook ရော Taehyung ပါ အခန်းထဲအဝတ်လဲနေကြသည်....
Taehyung က အနီရောင် Suit ဝတ်ပြီး Jungkook က နက်ပြာရောင် Suit နဲ့ဖြစ်သည်...Jungkook Taehyung လက်တွေကိုကြည့်မိတော့ လက်သူကြွယ်က လက်ထပ်လက်စွပ်ကအထင်းသား....
"လက်ထပ်လက်စွပ်ဝတ်ဖို့အထိလိုလို့လား...."
"Media ပေါင်းများစွာရှေ့မှာ အရှက်မကွဲချင်ရင် ဝတ်ခဲ့..."
ထိုတစ်ခွန်းသာပြောပြီး ထွက်သွားတဲ့ Taehyung...Jungkook လည်းအသင့်စောင့်နေတဲ့ ပြိုင်ကားအနီပေါ်တက်တော့ ဘေးက Taehyung ကမျက်လုံးတွေကိုမှိတ်ထားလေသည်...
"ကားအမိုးဖွင့်လိုက်ပါ ..."
"အစ်ကိုလေး Taehyung ခေါင်းမူးလို့လား"
"အင်း...."
Taehyung ကားတွေအများကြီးမစီးရသည့်အကြောင်းအရင်းဖြစ်ပေလိမ့်မည်....
ညစာစားပွဲကျင်းပတဲ့ လွှတ်တော်အမတ်၏ အိမ်တော်ထဲ Jungkook တို့ကားဝင်သွားတော့ များစွာသော Camera တွေက တစ်ဖျတ်ဖျတ်နဲ့မရပ်မနားရိုက်ကူးနေကြသည် ...Camera တွေကိုစိတ်အိုက်စွာကြည့်နေရင်း လူငယ်လေးတစ်ယောက်က ဦးဆောင်လာခေါ်တာကြောင့် နှစ်ယောက်လုံးနောက်ကနေလိုက်သွားမိသည်....
ဝန်ကြီးချုပ် Jeon နဲ့ သူဌေး Kim ထိုင်နေတဲ့ဝိုင်းကိုပို့ပေးသည်....Jungkook နဲ့ Taehyung လည်း လွတ်နေတဲ့ခုံပေါ်မှာဝင်ထိုင်ကာ ဘာစကားမှမဆိုမိပေ...လေးယောက်လုံးမျက်နှာချင်းဆိုင်တွေထိုင်နေပေမယ့် အကဲခတ်ကာတိတ်ဆိတ်နေကြသည်....
"အိမ်ထောင်ရေးကဘယ်လိုလည်း သားမက် Kim ကမင်းကိုရော ဂရုစိုက်ရဲ့လား...."
Jungkook ကခပ်ထေ့ထေ့ပြုံးကာ ...
"ဝန်ကြီးချုပ်စီမံတဲ့အိမ်ထောင်ပဲလေ သာယာလားမသာယာလားဘာလို့ဂရုစိုက်နေသေးလဲ...."
Jungkook စကားကြောင့် သူဌေး Kim ပါမျက်နှာပျက်သွားလေသည်....ဝန်ကြီးချုပ် Jeon က အပြုံးတောင်မပျက်ပေ Jungkook ဆီကကြားနေကြပုံစံလိုမျိုးနေသားကျနေခဲ့သည်....Taehyung တွေးနေမိတာက Jungkook နဲ့သူ့အဖေက အဆင်မပြေဘူးဆိုတာကိုပင်....
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-4
Start from the beginning
