Jimin စကားအဆုံး နီးကပ်လာတဲ့ Jungkook မျက်နှာကို လက်လေးတွေနဲ့ထိန်းကိုင်ကာ နူးညံ့တဲ့အနမ်းတွေကိုပုံဖော်နေမိသည်....နောက်ဆုံးဆိုတဲ့အသိနဲ့အတူ နှုတ်ခမ်းတွေပေါက်ထွက်မတတ်နမ်းရှိုက်ခဲ့ကြသည် ...တော်သေးတာက Toilet ထဲလူရှင်းနေလို့..နမ်းနေရာကနေ ထွက်လာတဲ့အသံတွေက ဘေးလူတွေကြားရင် ရှက်စရာဖြစ်ပေမယ့် ချစ်သူနှစ်ဦးအတွက်တော့ ချစ်ခြင်းရဲ့သံစဉ်တွေပဲဖြစ်သည်....
အနမ်းတွေအဆုံးသတ်တော့ တစ်ယောက်ကိုတစ်ယောက်ကြည့်နေမိသည်...ချစ်ရသူနဲ့မခွဲချင်ပါ...၃ နှစ်ဆိုတဲ့သံယောဇဉ်က နည်းနည်းမှမဟုတ်တာ....
ရင်ခွင်ထဲတိုးဝင်ကာ တအီအီငိုချလာတဲ့ Min ကိုယ်လေးကို တင်းကျပ်စွာပွေ့ဖက်ထားမိသည်....ချစ်ရသူမျက်ရည်တွေကြောင့် Jungkook ရင်ထဲနာကျင်နေရသည်....
Jungkook နဲ့ Jimin ထွက်သွားတော့မှ ဘေးအခန်းကထွက်လာတဲ့ Taehyung....Hyg တန်းပြန်မှာကြောင့် မနှုတ်ဆက်နိုင်လို့ Toilet ထဲလာရှောင်နေခဲ့တာ...မထင်မှတ်ဘဲ Jeon Jungkook ရဲ့အချစ်ရေးကိုသိရှိခဲ့ရသည်....
သူတို့ နှစ်ယောက်ရဲ့လက်ထပ်ပွဲဟာ လူလေးယောက်ကိုနာကျင်စေခဲ့တာ...ဖခင်နှစ်ယောက်သာ များပြားတဲ့ပရိသတ်အလယ်မှာပြုံးပျော်နေခဲ့ပါသည်....အစကတည်းက Jungkook နဲ့ သူ့အိမ်ထောင်ရေးဟာ မှားယွင်းနေခဲ့သည်....
.....................
နှစ်ယောက်နေမယ့် မြို့ထဲက အိမ်ကြီးဆီရောက်တော့ ညကပိန်းပိတ်အောင်မှောင်နေခဲ့သည် ..Jungkook Min ကိုလိုက်ပို့ပြီး ထိုမင်္ဂလာအိမ်ကိုမပြန်ချင်တာကြောင့် Company ခနသွားကာ အပြန်အရက်ဝင်သောက်နေခဲ့သည်....
တိတ်ဆိတ်နေတဲ့အိမ်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကြောင့် Kim Taehyung ပြန်ရောက်နေပြီမှန်းသိရသည်...အောက်ထပ်တစ်ခုလုံးမီးတွေလင်းထိန်နေကာ ကြောင်လိမ်လှေကားကြီးတစ်လျှောက်ပန်းတွေနဲ့ပူဖောင်းတွေနဲ့ဆင်ယင်ထားသည်.....
...အဟက်....
အဓိပ္ပါယ်မရှိတဲ့ မင်္ဂလာပွဲ...သက်သပ်မဲ့အလုပ်ရှုတ်ခံကာ မင်္ဂလာစံအိမ်တွေဘာတွေလျှောက်လုပ်နေကြသည်...သောက်ရူးတွေ....
ကြောင်လိမ်လှေကားကနေတစ်ဆင့်တက်လာတော့ ကျယ်ဝန်းတဲ့အပေါ်ထပ်တစ်ခုလုံးအလှဆင်ထားပြန်သည်...ပန်းခင်းထားတဲ့လမ်းတစ်လျှောက်ဒယီးဒယိုင်လျှောက်လာကာ အဆုံးမှာ အခန်းကျယ်ကြီးတစ်ခန်းကိုတွေ့သည်...ဒါသူတို့နှစ်ယောက်နေရမည့်အခန်းပဲဖြစ်မည်....
Jungkook တံခါးဖွင့်ကာ ဝင်လိုက်တော့ ပြတင်းပါက်ဘောင်ပေါ်ထိုင်ကာ ဆေးလိပ်သောက်နေတဲ့ Taehyung........Jungkook ကိုတစ်ချက်ပဲလှည့်ကြည့်ကာ ဆေးလိပ်ကိုသာတရှိုက်မက်မက်ဖွာနေလေသည်....
"ပြန်ရောက်ပြီလားလို့မမေးတော့ဘူးလား Kim Taehyung..."
တိတ်ဆိတ်နေတဲ့အခန်းထဲမှာ Jungkook အသံကသာကြီးဆိုးနေခဲ့သည်....တော်တော်ကြာမှ သြရှရှရယ်သံသဲ့သဲ့နဲ့အတူ ...
"မင်းနဲ့ငါက အဲ့လိုမေးရမယ့်ဆက်ဆံရေးလား"
"ငါမင်းနဲ့တစ်ခန်းထဲအတူမနေနိုင်ဘူး..."
Taehyung က မထီမဲ့မြင်ပြုံးရင်း
"ငါကရော နေချင်တယ်ထင်လို့လား...မင်းဘာလို့ ပတ်ဝန်းကျင်လေ့လာမှုအားမကောင်းရတာလဲ..."
Taehyung ပြောမှ Jungkook ကြည့်မိသည်...မျက်နှာချင်းဆိုင်တိုက်ဘက်မှာ မှန်ပြောင်းနဲ့ ဒီဘက်ကိုလှမ်းကြည့်နေတဲ့လူတွေ...စောင့်ကြည့်နေတဲ့လူတွေက နေရာအနှံ့ရှိနေပေသည်....
"မင်းက ကြောက်နေတာလား..."
"နောက်ရက် သတင်းခေါင်းစဉ်မှာ ဝန်ကြီးချုပ်သားနဲ့ သူဌေးKim တို့သားဟာ မင်္ဂလာဦးညကတည်းက တစ်ယောက်နဲ့တစ်ယောက် သောက်ခွက်ထိုးကြတယ်ဆိုတဲ့သတင်းမတက်စေချင်ရင် မင်းသောက်ပါးစပ်ကိုပိတ်ထားလိုက်..."
Jungkook က ပုခုံးတွန့်ပြလိုက်ရင်း...
"လက်ထပ်လက်စွပ်ကရော ချွတ်လို့ရပြီလား..."
Taehyung က ဆွဲကြိုးနဲ့တွဲထားတဲ့ လက်စွပ်ကို Jungkook ကိုပြလိုက်ရင်း ...
"ငါတော့အစောကတည်းက အရေးမပါလို့ ချွတ်ပစ်ပြီ...မင်းသဘောပဲ..ဘာပဲဖြစ်ဖြစ်မဝတ်ထားတာအကောင်းဆုံးပဲ..."
Jungkook လက်လန်သွားရသည်...Kim Taehyung ဆိုတဲ့ကောင်က သူ့ထက်တောင်မာကျောပြတ်သားသေးသည်...
Taehyung က ဆေးလိပ်ကိုနောက်ဆုံးတစ်ရှိုက်ဖွာလိုက်ရင်း ပြတင်းအောက်ပစ်ချလိုက်ကာ ကုတင်ရှိရာဆီသွားပြီး မှောက်အိပ်လိုက်သည်.....
"Hey...မင်းဘာလို့ ကုတင်ပေါ်မှာအိပ်နေတာလဲ...ပြီးတော့ ရေလည်းမချိုးဘူး..."
"Shitt....Jeon Jungkook သောက်ရေးမပါတာတွေမပြောစမ်းနဲ့.....ငါကုတင်ပေါ်မဟုတ်ရင် မအိပ်တက်ဘူး...အိပ်နိုင်ရင် ဘေးမှာအိပ်လိုက်...မဟုတ်ရင်ကြမ်းပြင်မှာအိပ်..."
Jungkook အမြင်ကပ်စွာကြည့်မိရင်း မိုက်ရိုင်းဆဲရေးနေတဲ့ကောင်ကို မှတ်လောက်အောင်ထိုးပစ်ချင်မိသည်....
...ရုပ်လေးကမှုံနေအောင်ချောတိုင်း အလကားဘဝမြင့်နေတဲ့ကောင်.....
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-3
Start from the beginning
