ရင်ခွင်ထဲတိုးဝင်ကာတသိမ့်သိမ့်ငိုနေတဲ့ကိုယ်လုံးလေးကိုဆွဲဖက်ထားကာ ကျောပြင်လေးကိုပုတ်ပေးရင်း Hoseok လည်းငိုနေမိသည်....

အခန်းပေါက်ဝက သူတို့ကိုကြည့်နေတဲ့မျက်ဝန်းတစ်စုံကိုတော့ဖြင့်သတိမပြုမိကြပေ....

ပွဲအပြင်အဆင်ရော လာတဲ့ဧည့်သည်တွေရော သတို့သားနှစ်ယောက်ကပါ လိုက်ဖက်နေကာ အရာအားလုံးတင့်တယ်နေလေသည်...ပွဲလာပရိသတ်က ကောင်းချီးပြုကြသည်...သတို့သားနှစ်ယောက်ဟာ ယှဉ်ရပ်နေတာတောင် သိပ်လိုက်ဖက်တာပဲဟုပင်...

အစစအရာရာပြည့်စုံခမ်းနားတဲ့ ပွဲကြီးမှာ လိုအပ်နေတာက ကာယကံရှင်နှစ်ယောက်ရဲ့အပြုံးပင်ဖြစ်သည်....နှစ်ဦးစလုံး ပွဲစကတည်းက ပွဲအပြီးထိမပြုံးကြတာကြောင့် မင်္ဂလာပွဲဟာ ဆားမပါတဲ့ဟင်းလို အချစ်မပါတဲ့အိမ်ထောင်ရေးကို အစပြုနေခဲ့သည်....

Jungkook ပွဲပြီးတာနဲ့ မွန်းကျပ်စွာ အပေါ်ကကုတ်အကျီကိုချွတ်ပစ်လိုက်သည်...Jimin ကိုတွေ့လိုက်တာကြောင့် အပြေးလိုက်လာကာ Toilet နားကျမှမှီတော့သည် ..

အားလုံးအလုပ်ရှုတ်နေတာကြောင့် ဝန်ကြီးချုပ်လွှတ်ထားတဲ့လူတွေရော သူဌေး Kim လွှတ်ထားတဲ့လူတွေရော Jungkook ကိုသိပ်မစောင့်ကြည့်နိုင်ကြ....Kim Taehyung ဆိုတဲ့လူကရော ဘယ်ချိန်ကတည်းက လစ်ထွက်သွားမှန်းမသိတော့....

"Min...."

" Kook ကိုခနလေးမြင်ချင်လို့ လာမိတာပါ...တစ်ယောက်ယောက်တွေ့သွားရင် မသင့်တော်ဘူးလေ.. မြန်ုမြန်သွားပါတော့...."

Jimin စကားကြောင့် နီးစပ်ရာ Toilet အခန်းထဲလက်ဆွဲခေါ်လာကာ ပုခုံးတွေကိုဆုပ်ကိုင်ထားမိသည်...

"Min...ငိုထားတာလား..."

ချစ်ရသူမျက်နှာဖြူဖြူဥဥလေးက နီရဲနေတာကြောင့် Jungkook မေးလိုက်မိသည်..Jimin က Jungkook ပြောမှ မျက်ရည်တွေကျလာခဲ့သည်...

"Kook ကိုသဘောထားကြီးစွာနဲ့လက်လွှတ်ပေးခဲ့ပေမယ့် အခုလို Kook ဘေးကသတို့သားဟာ Min မဟုတ်ဘူးဆိုတဲ့အသိကနာကျင်ရတယ်...ဒီနေ့တစ်ရက်တော့ Min ကိုအဝငိုခွင့်ပေးပါ..."

"Min..ရယ်..ကိုယ်တောင်းပန်ပါတယ်"

"နောက်ဆုံးအနေနဲ့ Min တို့ နှုတ်ဆက်ရအောင် Kook.."

💜 Next to You 💜Where stories live. Discover now