...ရုပ်လေးကမှုံနေအောင်ချောတိုင်း အလကားဘဝမြင့်နေတဲ့ကောင်.....
Unicode....
ဒိတ်ဒိတ်ကြဲ အသိုင်းအဝိုင်းနှစ်ခုရဲ့ မင်္ဂလာပွဲမို့ အလွန်စည်ကားလှသည်...ပိုပြီးအံ့သြစရာကောင်းတာက လက်ထပ်တာက ယောကျာ်းလေးတွေချည်းပဲမလို့ သတင်းခေါင်းစဉ်ရဲ့ထိပ်စီးတွေမှာပဲ နေရာယူထားကြသည်....
ပွဲစဖို့ ၁ နာရီအလို.....
Taehyung ကိုပြင်ဆင်ပေးနေတဲ့အခန်းနားမှာ လာရပ်စောင့်နေတဲ့ အရပ်ရှည်ရှည်နဲ့ခန့်ညားတဲ့သူတစ်ယောက်...ပြင်ဆင်ပြီးတာနဲ့ ကောင်မလေးတွေအကုန်ထွက်သွားမှ အခန်းထဲဝင်လာခဲ့သည်....
"TaeTae...."
နတ်ဘုရားတစ်ပါးလို လှပချောမောတဲ့မျက်နှာလေးက ထိုခေါ်သံကြောင့် လှည့်ကြည့်လာကာ ချက်ခြင်းထရပ်လိုက်သည်...
"Hyg...."
Hoseok ရင်ခွင်ထဲပြေးဝင်လာတဲ့ ညီငယ်လေးကို ထွေးပွေ့ထားလိုက်သည်...
"Hyg ကဘယ်လိုလုပ်...ခွင့်ယူလာတာလား..."
"အင်း...ပါပါးက ဒီပွဲကိုမဖြစ်မနေလာတက်ရမယ်ဆိုလို့ ...ပြီးတော့ Hyg ရဲ့ TaeTae လေးဘယ်လိုတောင်ရင့်ကျက်နေပြီလဲဆိုတာ သိချင်လို့..."
Taehyung ငိုမိသည်...ပါပါးတမင်လုပ်တာ...သူနဲ့ Hyg က ဘယ်လိုမှမဆိုင်တော့ဘူးဆိုတာ သူသိအောင်သတိပေးတာ....
Hoseok မျက်ရည်လေးတွေသုတ်ပေးမိသည်...ဒီကလေးလေးကို စမြင်ကတည်းကရင်း သူသိပ်ချစ်ခဲ့ရတာ ...Hoseok မေမေနဲ့လိုက်လာရင်း ဒီကလေးလေးကြောင့် သူအရာရာသည်းခံပြီး ပါပါးနဲ့အဆင်ပြေအောင်နေခဲ့ရတာ....တစ်ချိန်ကျ ပါပါးထက်အစပေါင်းများစွာသာလွန်အောင်ထားပေးနိုင်ဖို့ သူကြိုးစားခဲ့သည်...
ပါရဂူဘွဲ့ရဒေါက်တာဖြစ်တာနဲ့ ဒီကလေးလေးကိုဖွင့်ပြောပြီး ပါပါးဆီကနေတောင်းဖို့ဆုံးဖြတ်ထားခဲ့သည် ..အခုလိုဖြစ်လာမယ်လို့ Hoseok စိတ်တောင်မကူးမိ...ထို့ကြောင့် သူ့ခံစားချက်တွေကို TaeTae မသိအောင်ရုပ်သိမ်းရင်း နာကျင်မှုတွေကိုအပြုံးနဲ့ဖုံးကွယ်နေမိသည်....
"မငိုပါနဲ့....Hyg က TaeTae ပြုံးနေတာပဲမြင်ချင်တယ်..."
"ဟုတ်..."
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-3
Start from the beginning
