"ပြန်ရောက်ပြီလားလို့မမေးတော့ဘူးလား Kim Taehyung..."
တိတ်ဆိတ်နေတဲ့အခန်းထဲမှာ Jungkook အသံကသာကြီးဆိုးနေခဲ့သည်....တော်တော်ကြာမှ သြရှရှရယ်သံသဲ့သဲ့နဲ့အတူ ...
"မင်းနဲ့ငါက အဲ့လိုမေးရမယ့်ဆက်ဆံရေးလား"
"ငါမင်းနဲ့တစ်ခန်းထဲအတူမနေနိုင်ဘူး..."
Taehyung က မထီမဲ့မြင်ပြုံးရင်း
"ငါကရော နေချင်တယ်ထင်လို့လား...မင်းဘာလို့ ပတ်ဝန်းကျင်လေ့လာမှုအားမကောင်းရတာလဲ..."
Taehyung ပြောမှ Jungkook ကြည့်မိသည်...မျက်နှာချင်းဆိုင်တိုက်ဘက်မှာ မှန်ပြောင်းနဲ့ ဒီဘက်ကိုလှမ်းကြည့်နေတဲ့လူတွေ...စောင့်ကြည့်နေတဲ့လူတွေက နေရာအနှံ့ရှိနေပေသည်....
"မင်းက ကြောက်နေတာလား..."
"နောက်ရက် သတင်းခေါင်းစဉ်မှာ ဝန်ကြီးချုပ်သားနဲ့ သူဌေးKim တို့သားဟာ မင်္ဂလာဦးညကတည်းက တစ်ယောက်နဲ့တစ်ယောက် သောက်ခွက်ထိုးကြတယ်ဆိုတဲ့သတင်းမတက်စေချင်ရင် မင်းသောက်ပါးစပ်ကိုပိတ်ထားလိုက်..."
Jungkook က ပုခုံးတွန့်ပြလိုက်ရင်း...
"လက်ထပ်လက်စွပ်ကရော ချွတ်လို့ရပြီလား..."
Taehyung က ဆွဲကြိုးနဲ့တွဲထားတဲ့ လက်စွပ်ကို Jungkook ကိုပြလိုက်ရင်း ...
"ငါတော့အစောကတည်းက အရေးမပါလို့ ချွတ်ပစ်ပြီ...မင်းသဘောပဲ..ဘာပဲဖြစ်ဖြစ်မဝတ်ထားတာအကောင်းဆုံးပဲ..."
Jungkook လက်လန်သွားရသည်...Kim Taehyung ဆိုတဲ့ကောင်က သူ့ထက်တောင်မာကျောပြတ်သားသေးသည်...
Taehyung က ဆေးလိပ်ကိုနောက်ဆုံးတစ်ရှိုက်ဖွာလိုက်ရင်း ပြတင်းအောက်ပစ်ချလိုက်ကာ ကုတင်ရှိရာဆီသွားပြီး မှောက်အိပ်လိုက်သည်.....
"Hey...မင်းဘာလို့ ကုတင်ပေါ်မှာအိပ်နေတာလဲ...ပြီးတော့ ရေလည်းမချိုးဘူး..."
"Shitt....Jeon Jungkook သောက်ရေးမပါတာတွေမပြောစမ်းနဲ့.....ငါကုတင်ပေါ်မဟုတ်ရင် မအိပ်တက်ဘူး...အိပ်နိုင်ရင် ဘေးမှာအိပ်လိုက်...မဟုတ်ရင်ကြမ်းပြင်မှာအိပ်..."
Jungkook အမြင်ကပ်စွာကြည့်မိရင်း မိုက်ရိုင်းဆဲရေးနေတဲ့ကောင်ကို မှတ်လောက်အောင်ထိုးပစ်ချင်မိသည်....
ВЫ ЧИТАЕТЕ
💜 Next to You 💜
Фанфикшнမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-3
Начните с самого начала
