အခန်းပေါက်ဝက သူတို့ကိုကြည့်နေတဲ့မျက်ဝန်းတစ်စုံကိုတော့ဖြင့်သတိမပြုမိကြပေ....
ပွဲအပြင်အဆင်ရော လာတဲ့ဧည့်သည်တွေရော သတို့သားနှစ်ယောက်ကပါ လိုက်ဖက်နေကာ အရာအားလုံးတင့်တယ်နေလေသည်...ပွဲလာပရိသတ်က ကောင်းချီးပြုကြသည်...သတို့သားနှစ်ယောက်ဟာ ယှဉ်ရပ်နေတာတောင် သိပ်လိုက်ဖက်တာပဲဟုပင်...
အစစအရာရာပြည့်စုံခမ်းနားတဲ့ ပွဲကြီးမှာ လိုအပ်နေတာက ကာယကံရှင်နှစ်ယောက်ရဲ့အပြုံးပင်ဖြစ်သည်....နှစ်ဦးစလုံး ပွဲစကတည်းက ပွဲအပြီးထိမပြုံးကြတာကြောင့် မင်္ဂလာပွဲဟာ ဆားမပါတဲ့ဟင်းလို အချစ်မပါတဲ့အိမ်ထောင်ရေးကို အစပြုနေခဲ့သည်....
Jungkook ပွဲပြီးတာနဲ့ မွန်းကျပ်စွာ အပေါ်ကကုတ်အကျီကိုချွတ်ပစ်လိုက်သည်...Jimin ကိုတွေ့လိုက်တာကြောင့် အပြေးလိုက်လာကာ Toilet နားကျမှမှီတော့သည် ..
အားလုံးအလုပ်ရှုတ်နေတာကြောင့် ဝန်ကြီးချုပ်လွှတ်ထားတဲ့လူတွေရော သူဌေး Kim လွှတ်ထားတဲ့လူတွေရော Jungkook ကိုသိပ်မစောင့်ကြည့်နိုင်ကြ....Kim Taehyung ဆိုတဲ့လူကရော ဘယ်ချိန်ကတည်းက လစ်ထွက်သွားမှန်းမသိတော့....
"Min...."
" Kook ကိုခနလေးမြင်ချင်လို့ လာမိတာပါ...တစ်ယောက်ယောက်တွေ့သွားရင် မသင့်တော်ဘူးလေ.. မြန်ုမြန်သွားပါတော့...."
Jimin စကားကြောင့် နီးစပ်ရာ Toilet အခန်းထဲလက်ဆွဲခေါ်လာကာ ပုခုံးတွေကိုဆုပ်ကိုင်ထားမိသည်...
"Min...ငိုထားတာလား..."
ချစ်ရသူမျက်နှာဖြူဖြူဥဥလေးက နီရဲနေတာကြောင့် Jungkook မေးလိုက်မိသည်..Jimin က Jungkook ပြောမှ မျက်ရည်တွေကျလာခဲ့သည်...
"Kook ကိုသဘောထားကြီးစွာနဲ့လက်လွှတ်ပေးခဲ့ပေမယ့် အခုလို Kook ဘေးကသတို့သားဟာ Min မဟုတ်ဘူးဆိုတဲ့အသိကနာကျင်ရတယ်...ဒီနေ့တစ်ရက်တော့ Min ကိုအဝငိုခွင့်ပေးပါ..."
"Min..ရယ်..ကိုယ်တောင်းပန်ပါတယ်"
"နောက်ဆုံးအနေနဲ့ Min တို့ နှုတ်ဆက်ရအောင် Kook.."
Jimin စကားအဆုံး နီးကပ်လာတဲ့ Jungkook မျက်နှာကို လက်လေးတွေနဲ့ထိန်းကိုင်ကာ နူးညံ့တဲ့အနမ်းတွေကိုပုံဖော်နေမိသည်....နောက်ဆုံးဆိုတဲ့အသိနဲ့အတူ နှုတ်ခမ်းတွေပေါက်ထွက်မတတ်နမ်းရှိုက်ခဲ့ကြသည် ...တော်သေးတာက Toilet ထဲလူရှင်းနေလို့..နမ်းနေရာကနေ ထွက်လာတဲ့အသံတွေက ဘေးလူတွေကြားရင် ရှက်စရာဖြစ်ပေမယ့် ချစ်သူနှစ်ဦးအတွက်တော့ ချစ်ခြင်းရဲ့သံစဉ်တွေပဲဖြစ်သည်....
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-3
Start from the beginning
