"Min ကဘာဖြစ်နေလို့လဲ...အဲ့လို ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်တွေမတွေးနဲ့ Min ...ကိုယ်မကြိုက်ဘူး..."

"အခု လမ်းခွဲရမယ့်အကြောင်းပြချက်က အဆင့်အတန်းနဲ့မဆိုင်တာသေချာလို့လား Kook...သွားပါတော့...Min ပြန်တော့မယ်"

ခုံတန်းပေါ်ကနေထရပ်တဲ့ Jimin ကို Jungkook ရင်ခွင်ထဲထည့်ဖက်ထားရင်း...

"ကိုယ် ဘယ်သူနဲ့ပဲလက်ထပ်ရပါစေ...ကိုယ့်ချစ်သူက Min ပဲ..."

Jimin ဝဲတက်လာတဲ့မျက်ရည်တွေကို မျက်တောင်တွေနဲ့ပုတ်ခတ်သိမ်းဆည်းမိသည်...Kook ကိုမပြတ်သားမဖြစ်စေချင်....သားအရင်းဆိုပေမယ့် ဖခင်ရဲ့နိုင်ငံရေးအရှုတ်အထွေးတွေကြောင့် Kook ဟာ အသိအမှတ်မပြုခံရပေ...ဘဝမှာ ဖခင်ဂုဏ်သိက္ခာအတွက် ပညာရေး, စီးပွားရေးအကုန်ကြိုးစားသင်ယူခဲ့ရင်း Kook လုပ်မိတဲ့အမှားဆိုလို့ သူ့လို အညတရကောင်လေးကိုချစ်မိခဲ့တာပဲဖြစ်သည်...

Kook ဘဝလေးကိုပိုလှပစေချင်သည်...အတ္တကြီးစွာ ဘာမှမဟုတ်တဲ့ မိမိဘဝထဲ Kook ကိုဆွဲမခေါ်ရက်ပေ...အခုလို အခြားသူနဲ့လက်ထပ်ဖို့ဆုံးဖြတ်လိုက်ရတာလည်း Kook အဖေကြောင့်ဆိုတာ ပြေးကြည့်စရာပင်မလို....သို့ပေမယ့် Kook ချစ်တာသူဆိုတဲ့အသိနဲ့တင် Kook ကိုစွန့်လွှတ်ပေးရဲသည်...

အချစ်က Jimin အတွက်စွန့်လွှတ်ခြင်းပဲဖြစ်သည်...

...................

Jungkook ချိန်းထားတဲ့ စားသောက်ဆိုင်ရဲ့ ခေါင်မိုးထပ်ကနေ ညအလှကိုကြည့်နေရင်း ဘာရယ်မဟုတ်မျက်လုံးက အောက်ထပ်မှာ ဆိုင်ရှေ့ကိုထိုးရပ်လာတဲ့ Bike တစ်စီးကိုကြည့်မိသွားသည်....ဆိုင်ကလေးထပ်ပဲမြင့်တာကြောင့် ထိုဆိုင်ကယ်ပေါ်ကလူကိုရှင်းလင်းစွာမြင်နေရသည်...

တစ်ကိုယ်လုံးအနက်ရောင်ပဲဝတ်လာကာ စမတ်ကျစွာဆိုင်ကယ်ပေါ်ကနေဆင်းလာခဲ့သည်....သူလည်းဒီနေ့ တစ်ကိုယ်လုံးအနက်ရောင်တွေနဲ့လူငယ်စတိုင်ဝတ်လာခဲ့ခြင်းဖြစ်သည်...စိတ်အနည်းငယ်ညစ်သွားကာ ခုထိရောက်မလာသေးတဲ့ သူလက်ထပ်ရမယ့် Kim Taehyung ကိုခပ်တိုးတိုးကျိန်ဆဲမိသည်...အချိန်ကိုမလေးစားတတ်လိုက်တာ...တစ်ဆက်တည်း ထိုဆိုင်ကယ်ပေါ်က လူသည် Kim Taehyung မဖြစ်ဖို့ဆုတောင်းမိပါရဲ့....

💜 Next to You 💜Where stories live. Discover now