"မင်းကိုမုန်းတယ် ...မင်းသိထားဖို့က..."
Taehyung က ပြုံးသည်....ထို့နောက် ဝိုင်ခွက်ကိုမြှောက်ကာ Jungkook ရဲ့စားပွဲပေါ်က ခွက်ကိုလာတိုက်လိုက်ရင်း....
"ငါရောပဲ...မင်းကို သောက်ရမ်းမုန်းတယ်"
ဒီထဲမှာလေ Kim Taehyung က နူးနူးညံ့ညံ့ကလေးဆန်ဆန်လေးမဟုတ်ဘူးနော်...အဆဲသန်ပြီး အထိမခံစရိုက်လေးနဲ့ပါ...အမွန်အာ့လိုလေးပုံဖော်ချင်လို့...
Happy Birthday ပါ ကူးငယ်လေးရေ 😘အများကြီးချစ်ပါတယ်ရှင် 💜
Unicode..
"Min...."
ချမ်းအေးလှတဲ့ဆောင်းညရဲ့ ည ၉ နာရီဆိုတဲ့အချိန်မှာ Cafe ဆိုင်လေးရဲ့လမ်းကြားထဲက မီးတိုင်အောက်မှာလာစောင့်နေတဲ့ကောင်လေးတစ်ယောက်...နှင်းတွေထဲက လမ်းလျှောက်လာတဲ့ပုသေးသေးကိုယ်လေးကို မြင်နေရတာမို့ အပြေးသွားကာ ခေါ်ရင်းဖက်ထားမိသည်....
"Omm..Kook လွှတ်ပါဦး..."
တင်းကျပ်စွာဖက်ထားခံရတဲ့ရင်ခွင်ကျယ်ထဲကနေ ရုန်းထွက်ကာ အရှေ့ကလူသားကိုစိုက်ကြည့်လိုက်တော့ နှုတ်ခမ်းပါးတွေက ပြုံးယောင်သန်းနေပေမယ့် နီရဲနေတဲ့မျက်ဝန်းတွေဟာ နှင်းတွေကျပြီးအေးစိမ့်နေခြင်းကြောင့်သာဖြစ်ပါလိမ့်မည်....
"ပြောစရာရှိတယ် Min..."
လက်ဖောင်းဖောင်းလေးတွေထဲ လက်ဖဝါးကြီးကြီးကအုပ်ကိုင်လာကာ နှင်းတောထဲအတူလမ်းလျှောက်ခဲ့ကြသည်....ပန်းခြံလေးနားဖြတ်တော့ Jungkook က လွတ်နေတဲ့ထိုင်ခုံပေါ် Jimin ကိုထိုင်စေလိုက်ကာ အရှေ့မှာ ဒူးတစ်ဖက်ထောင်ကာထိုင်ချလိုက်သည်..
Jimin လည်း နှင်းတောထဲမှာ လာစောင့်နေတဲ့ချစ်ရသူအေးနေတာသိတာကြောင့် သူ့လည်ပင်းမှာပတ်ထားတဲ့ မာဖလာအညိုရောင်လေးကိုဖြုတ်ကာ Jungkook လည်ပင်းထက်ပတ်ပေးလိုက်ရင်း...
"Kook ကပြောစရာရှိလို့လား...ပြောလေ Min နားထောင်ပေးမယ်..."
Jumgkook ဘယ်ကစပြောရမယ်မှန်းမသိ...ချစ်သူ့မျက်နှာကိုသာ တွေဝေစွာကြည့်နေမိသည်...
"Kook....."
"Min ကို ကိုယ်ချစ်တာသိတယ်မလား..."
Jimin ကခေါင်းငြိမ့်ပြသည်...သူ့ဘက်က စချစ်ခဲ့ပေမယ့် Kook ကဆက်ချစ်ပေးခဲ့တာ...လွန်ခဲ့တဲ့ ၃ နှစ်က ဒီလိုနှင်းတွေကျတဲ့ညမှာပဲ ဆိုင်ထဲကိုရောက်လာတဲ့ Kook နဲ့စတွေ့ခဲ့တာ....နွားနို့ပူပူလေးမှာသောက်တဲ့ Kook အတွက် Jimin ချပေးတဲ့ နွားနို့တစ်ခွက်ဟာ အရသာအရှိဆုံးဖြစ်ခဲ့တာတဲ့...အဲ့နေ့ကစပြီး Kook ရံဖန်ရံခါလာတိုင်း Jimin ကခိုးခိုးကြည့်တတ်သည်...
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-2
Start from the beginning
