...ကျစ်....
"Jeon Jung...Kook..."
Jungkook ဆိုတာသေချာလား မသေချာလားအတည်ပြုချင်ပုံရတဲ့ Jungkook နောက်နားကထွက်ပေါ်လာတဲ့ ခပ်သြသြအသံကြောင့် Jungkook လှည့်ကြည့်မိသည်....Jungkook ဆုတောင်းသည်မပြည့်ဝခဲ့...ထို All Black နဲ့လူသားက Kim Taehyung ဖြစ်မည်...
"Kim Taehyung..."
နှစ်ယောက်သားအသိအမှတ်ပြုရုံတင် ခေါင်းငြိမ့်နှုတ်ဆက်လိုက်ကာ စားပွဲမှာ မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်ကြသည်....
Taehyung Jungkook ကိုမသိမသာအကဲခတ်နေမိသည်...ချောတာတော့ အတော်လေးချောပါသည်...ပိရိသေသပ်တဲ့နှုတ်ခမ်းပါးတစ်စုံကပြတ်သားတတ်မှုကိုဖော်ပြနေသယောင်ယောင်....
"မင်းသိပြီးလောက်ပြီပေါ့...ငါတို့လက်ထပ်ရမယ်ဆိုတာ..."
"အင်း..."
Jungkook စကားကို Steak ကိုလှီးတာတောင်မပျက်ပဲ အရေးမစိုက်သလိုဖြေလာတဲ့ Taehyung ....Jungkook ဒေါသတွေထွက်နေရသည်...တည်ငြိမ်နေတဲ့ Taehyung မျက်နှာက ဘာမှမခံစားရဟန်...
"မင်း ဘာလို့မငြင်းတာလဲ..."
လှီးဖြတ်ထားတဲ့ Steak တစ်ခုကို ခက်ရင်းနဲ့ထိုးကာ ကောက်ဝါးနေသေးသည်....Jungkook ကိုရှိတယ်လို့တောင်မထင်...
"ဒီမှာ Kim Taehyung ငါပြောတာကိုလည်း နည်းနည်းပါးပါးအဖတ်လုပ်ဦး...ဒီကိစ္စက ငါ့ဘဝရောမင်းဘဝနဲ့ပါဆိုင်နေတာနော်"
"သိတယ်လေ..."
"ဟ ငါမင်းကိုလုံးဝလက်မထပ်ချင်ဘူးဆိုတာသိလား...မင်းရော ကြည့်ရတာမငြင်းပုံထောက်တော့ မင်းလည်း ယောကျာ်းတွေကိုကြိုက်တာလား"
Jungkook စကားကြောင့် Taehyung စူးစူးရဲရဲကြည့်လာကာ...
"စကားကိုဆင်ခြင်ပြော...မင်းသောက်ခွက်ကို အခုငါစုတ်ပြတ်သတ်သွားအောင်ထိုးချင်နေပေမယ့် မင်းမြင်လား..."
မျက်နှာချင်းဆိုင်တိုက်ရော ဘေးဘက်ကတိုက်တွေပေါ်ကပါ စနိုက်ပါနဲ့ချိန်ထားတဲ့လူတွေ...Taehyung ပြောချင်တာဒါပဲဖြစ်မည်..တစ်ယောက်နဲ့တစ်ယောက်ထထိုးတာနဲ့ ပစ်ဖို့အမိန့်များပေးထားလားမသိ.....
"Shittt....."
"အေးဆေးနေပြီး အစားစားနေ Jeon Jungkook..."
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-2
Start from the beginning
