Kook ကလာတိုင်း နွားနို့ပဲသောက်သည်...Jimin မဖျော်တဲ့ နွားနို့ဆိုသူတစ်စက်မှမထိပဲ ပြန်သွားတက်သည်...အချိန်တွေကြာလာတော့မှ Kook ဟာ Jimin လက်ရာကိုခွဲခြားသိနေခဲ့တာကို အံ့သြစွာသိခဲ့ရသည်....စသောက်တဲ့တစ်ငုံလေးတောင်မှ Jimin ဖျော်တာလား မဖျော်တာလားခွဲခြားတတ်ခဲ့တာ....
ခရစ်စမတ်နေ့မှာ Jimin တို့ ဆိုင်ပိတ်ပြီးမူးအောင်သောက်ကြတော့ Kook ကဆိုင်ဖွင့်တယ်အထင်နဲ့လာရင်း ဆိုင်ရှင်က မူးနေတဲ့ Jimin ကိုအိမ်ပြန်လိုက်ပို့ဖို့အကူအညီတောင်းခဲ့တာပဲဖြစ်သည်...မူးမူးနဲ့ Jimin က Kook ကိုချစ်ကြောင်းတွေရင်ဖွင့်ခဲ့တာကြောင့် သူတို့တွဲဖြစ်ခဲ့ကြသည်....ကြာလာတော့ Jimin လိုဖြူစင်ရိုးသားတဲ့သူလေးကို Kook ကပဲဆက်ချစ်ခဲ့တာပဲဖြစ်သည်....
Jimin Kook မျက်နှာလေးကိုလက်နှစ်ဖက်နဲ့အုပ်ကိုင်လိုက်ရင်း....
"မျက်ဝန်းတွေက ဘာလို့နီရဲနေတာလည်း ညကအိပ်မပျော်လို့လားဟင် Kook"
"မဟုတ်ပါဘူး Min....ကိုယ်တို့ ...ကိုယ်တို့လမ်းခွဲရအောင်..."
Kook ဆီကမထင်မှတ်ထားတဲ့စကားကြောင့် Jimin မျက်နှာလေး အံ့သြသွားသည် ....သို့ပေမယ့်ချက်ခြင်းပင်ပြုံးလိုက်ကာ...
"အင်း......"
အပြုံးလေးနဲ့ပြန်ဖြေလာတဲ့ Jimin ကြောင့် Jungkook အံ့သြသွားသည်...Min ကဘာမှမဖြစ်သလိုပဲ အင်းတဲ့ ...."
"ဘာလို့လဲလို့ မမေးဘူးလား...Min ဘာလို့..."
"Kook ကိုစချစ်ကတည်းက ပိုင်ဆိုင်ဖို့မှမဟုတ်ခဲ့တာပဲ....တစ်ချိန်မှာဒီလိုလမ်းခွဲရမယ်ဆိုတာကို Min မျှော်လင့်ထားပြီးသား ၃ နှစ်အတွင်း Kook ဘေးနားမှာနေပေးပြီး ချစ်ပေးခဲ့တယ်...Kook ကြောင့်လည်းစိတ်ချမ်းသာခဲ့ရတယ်...အစကတည်းက အဆင့်အတန်းကွာခြားတာကြောင့် Min တို့က မလိုက်ဖက်ခဲ့ဘူးဆိုတာ သိပါတယ်.."
"အဆင့်အတန်းနဲ့မဆိုင်ပါဘူး Min...အခုက ..."
"Kook အဖေ ဝန်ကြီးချုပ်က သဘောတူမှာတဲ့လား Min လိုလူမျိုးကို..."
"Min ကဘာဖြစ်နေလို့လဲ...အဲ့လို ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်တွေမတွေးနဲ့ Min ...ကိုယ်မကြိုက်ဘူး..."
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-2
Start from the beginning
