Part-2

11.6K 1K 53
                                    

"Min...."

ချမ်းအေးလှတဲ့ဆောင်းညရဲ့ ည ၉ နာရီဆိုတဲ့အချိန်မှာ Cafe ဆိုင်လေးရဲ့လမ်းကြားထဲက မီးတိုင်အောက်မှာလာစောင့်နေတဲ့ကောင်လေးတစ်ယောက်...နှင်းတွေထဲက လမ်းလျှောက်လာတဲ့ပုသေးသေးကိုယ်လေးကို မြင်နေရတာမို့ အပြေးသွားကာ ခေါ်ရင်းဖက်ထားမိသည်....

"Omm..Kook လွှတ်ပါဦး..."

တင်းကျပ်စွာဖက်ထားခံရတဲ့ရင်ခွင်ကျယ်ထဲကနေ ရုန်းထွက်ကာ အရှေ့ကလူသားကိုစိုက်ကြည့်လိုက်တော့ နှုတ်ခမ်းပါးတွေက ပြုံးယောင်သန်းနေပေမယ့် နီရဲနေတဲ့မျက်ဝန်းတွေဟာ နှင်းတွေကျပြီးအေးစိမ့်နေခြင်းကြောင့်သာဖြစ်ပါလိမ့်မည်....

"ပြောစရာရှိတယ် Min..."

လက်ဖောင်းဖောင်းလေးတွေထဲ လက်ဖဝါးကြီးကြီးကအုပ်ကိုင်လာကာ နှင်းတောထဲအတူလမ်းလျှောက်ခဲ့ကြသည်....ပန်းခြံလေးနားဖြတ်တော့ Jungkook က လွတ်နေတဲ့ထိုင်ခုံပေါ် Jimin ကိုထိုင်စေလိုက်ကာ အရှေ့မှာ ဒူးတစ်ဖက်ထောင်ကာထိုင်ချလိုက်သည်..

Jimin လည်း နှင်းတောထဲမှာ လာစောင့်နေတဲ့ချစ်ရသူအေးနေတာသိတာကြောင့် သူ့လည်ပင်းမှာပတ်ထားတဲ့ မာဖလာအညိုရောင်လေးကိုဖြုတ်ကာ Jungkook လည်ပင်းထက်ပတ်ပေးလိုက်ရင်း...

"Kook ကပြောစရာရှိလို့လား...ပြောလေ Min နားထောင်ပေးမယ်..."

Jumgkook ဘယ်ကစပြောရမယ်မှန်းမသိ...ချစ်သူ့မျက်နှာကိုသာ တွေဝေစွာကြည့်နေမိသည်...

"Kook....."

"Min ကို ကိုယ်ချစ်တာသိတယ်မလား..."

Jimin ကခေါင်းငြိမ့်ပြသည်...သူ့ဘက်က စချစ်ခဲ့ပေမယ့် Kook ကဆက်ချစ်ပေးခဲ့တာ...လွန်ခဲ့တဲ့ ၃ နှစ်က ဒီလိုနှင်းတွေကျတဲ့ညမှာပဲ ဆိုင်ထဲကိုရောက်လာတဲ့ Kook နဲ့စတွေ့ခဲ့တာ....နွားနို့ပူပူလေးမှာသောက်တဲ့ Kook အတွက် Jimin ချပေးတဲ့ နွားနို့တစ်ခွက်ဟာ အရသာအရှိဆုံးဖြစ်ခဲ့တာတဲ့...အဲ့နေ့ကစပြီး Kook ရံဖန်ရံခါလာတိုင်း Jimin ကခိုးခိုးကြည့်တတ်သည်...

ဆိုင်လာတိုင်း အစောင့်တွေလိုလူတွေပါလာတတ်တဲ့ Kook ဟာ ဝန်ကြီးချုပ်သားတဲ့....အဆင့်အတန်းကွာခြားလွန်းတာကြောင့် Jimin ဟာ တိတ်တခိုးပဲချစ်ခဲ့သည်...Kook ကိုလည်းသိအောင်ဖွင့်မပြောချင်ခဲ့ပေ...

💜 Next to You 💜Where stories live. Discover now