Taehyung က မနေတတ်တာကြောင့် အပြင်မှာတစ်နေကုန်လျှောက်သွားပြီး ညနေလောက်မှအိမ်ပြန်လာတတ်သည်....ပါပါးရဲ့နောက်မိန်းမဆိုပေမယ့် အပယ်ခံမို့လို့သနားဖို့ကောင်းသည်...အိမ်ကိုခေါ်လာတုန်းကသားတစ်ယောက်ပါလာကာ Jung Hoseok လို့အမည်ရသည်....
Taehyung က အစကခါးခါးသီးသီးငြင်းဆန်ခဲ့ပေမယ့် Hoseok Hyg ကိုမြင်ကတည်းက ပါပါးရဲ့နောက်မိန်းမနဲ့ Hyg ကိုလက်ခံပေးခဲ့သည်...Hyg နဲ့ Taehyung က ဘာသွေးသားမှမတော်စပ်ပေ...Hyg ကိုဆို ပါပါးကနည်းနည်းလေးမှသံယောဇဉ်မရှိချေ...Hyg ကလိမ္မာကာ ပါပါးကြည်အောင်ကြိုးစားနေထိုင်ခဲ့သည်..
Taehyung အပေါ်လည်းချစ်ခင်ပေးလေသည်...Hyg ကဒေါသထွက်တာရှားပြီးအေးချမ်းလှသည်...Taehyung ပါပါးရဲ့နောက်မိန်းမကိုအိမ်ပေါ်လက်ခံတင်ထားရတဲ့အကြောင်းအရင်းက Hyg ဆိုတဲ့လူသားကြောင့်သာ...Hyg က Taehyung ရဲ့အချစ်ဦး....
"နောက်လထဲမှာ လက်ထပ်ရမယ် အသင့်ပြင်ထားပါ"
"ဗျာ ပါပါးး..."
"စကားကို နှစ်ခါမပြောချင်ဘူး...သန်ဘက်ခါ လက်ထပ်ရမယ့်လူနဲ့သွားတွေ့လိုက်..."
"လူ...ဟုတ်လား...ယောကျာ်းလေးလား ပါပါး.."
"ယောကျာ်းလေးမို့ လက်မထပ်ချင်ဘူးလား....မင်းယောကျာ်းလေးတွေပဲကြိုက်တာ ပါပါးသိနေတာပဲ..."
Taehyung မျက်နှာကွက်ကနဲပျက်ကျသွားသည်...ယောကျာ်းလေးတွေကိုကြိုက်တယ်ဆိုတာ ယောကျာ်းလေးတိုင်းမဟုတ်...Hyg ကိုပဲဆိုတာ ပါပါးမသိဘူးလား....
"ပါပါး...ကျွန်တော်..."
"ငြင်းရဲရင်ငြင်းကြည့်လိုက် Taehyung...Jung Hoseok ရဲ့ဘဝကမင်းအပေါ်မှာမူတည်နေတယ်...မင်းငြင်းလိုက်တာနဲ့ ပါရဂူဘွဲ့သွားယူနေတဲ့ Hoseok ကိုချက်ချင်းပြန်လာအောင်လုပ်ပစ်မယ်.."
Taehyung စကားတွေလည်ချောင်းထဲတွင်ပျောက်ကုန်သည်....Hyg အိမ်မက်ကိုသူ့ကြောင့်မပျက်စီးစေချင်ပါ...Hyg က ဆရာဝန်လောင်းဖြစ်ကာ နိုင်ငံခြားမှာ ပညာသွားသင်ချင်သည်...ပါပါးက Taehyung ခံစားချက်ကိုရိပ်မိတာကြောင့် Hyg ကိုပညာသင်ဖို့အဝေးပို့ပစ်ခဲ့သည်...အခုဆို နောက် ၂ နှစ်လောက်ပဲကျန်တော့တာ Hyg ပါရဂူဘွဲ့ရဖို့...Taehyung ခုထိရည်းစားတောင်မထားဘဲ Hyg ပြန်အလာကိုစောင့်နေခဲ့တာ...အခုတော့...
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-1
Start from the beginning
