အခန်း-၆(တိတ်တခိုးအချစ်)

Start from the beginning
                                    

___ ___ ___ လွန်ခဲ့တဲ့နှစ်နှစ်က ​ပေါ်ယွီဟာ ​ဝေးလံ​ခေါင်ဖျားတဲ့ မြို့တစ်မြို့ကို ​ပြောင်း​ရွှေ့သွားပြီး သီးသန့်​နေထိုင်ခဲ့သည်။သူ ​နောက်တစ်ကြိမ် လူထု​ရှေ့ကို ပြန်​ပေါ်လာတဲ့အချိန်တွင် သူ့မှာ ဉာဏ်​ကောင်းတဲ့ ငယ်ငယ်ရွယ်ရွယ် က​လေး​လေးတစ်​ယောက် ရှိ​နေသည်။

ဘယ်သူကမှ အဲဒီက​လေး​လေးရဲ့ အ​မေဖြစ်သူကို မမြင်ဘူးကြ​​ပေ။

ဒါ​ပေမယ့် အဲဒီက​လေး​လေးက ဘယ်က​နေ ​ရောက်လာတာလဲ ?

စုန့်ရှီလင်က တိမ်မည်း​တွေ ဖုံးလွှမ်း​နေတဲ့ မျက်နှာကြီးနဲ့ သူ့​ရှေ့မှာ စုပုံထားတဲ့ စာရွက်စာတန်းအထပ်လိုက်ကြီးကို အမှိုက်စုတ်​တွေလိုမျိုး ကြည့်လိုက်သည်။
( T / N ; က​လေးအ​မေကို မသိရလို့ Bossစုန့်ကြီး စိတ်ဆိုး😂 )

စာရွက်စာတန်း​တွေကို အံဆွဲထဲထည့် ​သော့ခတ်လိုက်ပြီး စုန့်ရှီလင်က မျဉ်း​ဖြောင့်တစ်​ကြောင်းလိုမျိုး နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။

အဲဒီအချိန်အတွင်းမှာ ရိုက်ကွင်းထဲမှာ​​တော့ သူ့ရဲ့နှလုံးသားကို တစ်​ယောက်​ယောက်က ခြစ်ထုတ်​နေသလိုမျိုး ဖိစီးစွာ ခံစား​နေရတဲ့ ချီယန်က သူ့ဖုန်းကို ကြည့်​နေသည်။သူ စုန့်ရှီလင်ကို ဖုန်း​ခေါ်လိုက်ချင်​ပေမယ့် စုန့်ရှီလင်က သူ့ကို ငြိုငြင်သွားမှာ ​ကြောက်​နေမိသည်။

လီလီက ချီယန့်​ဘေးနားမှာ တုန်တုန်ရီရီနဲ့ မတ်တပ်ရပ်​နေပြီး စကားမ​ပြောရဲ​ချေ။သူမ ချီယန်ရဲ့​ဒေါသ​တွေကို ​တွေ့ကြုံဖူးပြီးသွားပြီဖြစ်သည်။ဒါ​ကြောင့် သူမ မိုက်မဲစွာနဲ့ သူ့နားကို သိပ်မကပ်ရဲဘဲ အခက်အခဲ​တွေကို ကြံကြံခံပြီး သည်းခံ​နေရသည်။

တတိယ​မြောက်အမျိုးသားဇာတ်ရံ​နေရာက အလုပ်ကို လက်စသတ်ပြီး​နောက်မှာ ​ပေါ်ယွီ ​နောက်တစ်ကြိမ် အလုပ်ရှာဖို့ အခက်အခဲကို ​တွေ့ကြုံရ​တော့သည်။အိမ်မှာ ရက်အနည်းငယ်​လောက် ​နေပြီးသွားချိန်တွင် မန်​နေဂျာကျန်းဆီက​နေ ​ပေါ်ယွီ ဖုန်းတစ်​ကောလက်ခံရရှိခဲ့သည်။

မန်​နေဂျာကျန်းရဲ့ ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်တဲ့အခါ ​ပေါ်ယွီ မ​မျှော်လင့်ဘဲ ဒီနေရာမှာ ရှိမ​နေသင့်တဲ့ နာမည်ကြီး အမျိုးသားကြယ်ပွင့်နှစ်​ယောက်ကို ​​တွေ့လိုက်ရသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now