အခန်း ( ၁၀ ) - မောင့်ရဲ့ မွေးနေ့ဝယ်

Start from the beginning
                                    

တစ်နာရီခန့်အကြာတွင် ကိစ္စအားလုံးပြီးပြတ်သွားလေ၏။

မနက်စာ,စားရန်အဆင်သင့်ပြင်ပြီး ဖြစ်သလို မောင့်အတွက်လည်း အလုပ်သွားဖို့ရန်အတွက် ထမင်းချိုင့်ပြင်ပြီးခဲ့လေပြီ။

အခု ဝေးလုပ်ရမည့်တစ်ခုတည်းသောအလုပ်မှာ မောင့်အား သွားနှိုးရန်ပင်ဖြစ်သည်။

ထို့ကြောင့် ဝေး မောင်ရှိရာအိပ်ခန်းထဲသို့ ဒုတိယံမိဝင်ရောက်သွားခဲ့၏။

ကုတင်ဘေးစောင်းတွင်ထိုင်ကာ ပိုင်စေ့ပခုံးအားကိုင်ကာ နှိုး၏။

" မောင် ထတော့၊ အလုပ်သွားရဦးမှာလေ....၊ ထ ထ ''

" ဘယ်နနာရီရှိသေးလို့လဲ ''

ပိုင်စေက အိပ်မှုန်စုံမွှားအသံဖြင့် မေးလေ၏။

" ၆နာရီကျော်ပြီ မောင် ''

" စောသေးတယ် ''

ထိုမျှသာဆိုပြီးနောက် ပိုင်စေသည် ဝေးအား ဆွဲချလိုက်ပြီး နောက်ကျောဘက်မှဖက်ကာ ရင်ခွင်ထဲဆွဲသွင်းထားလိုက်၏။

ဝေးလည်း ပိုင်စေစိတ်ချမ်းသာစေရန် ဘာတစ်ခွန်းမျှပင် မပြောမိ၊ ခန္ဓာကိုယ်ဟာလည်း မရုန်းမိ။

နွေးထွေးသည်၊ ရင်ခုန်သည်၊ လုံခြုံမှုရှိသည်၊ အချစ်တို့ကိုခံစားမိလေသည်။

ထိုခံစားချက်တွေကို ပိုင်စေ့ရဲ့ ရင်ခွင်အတွင်းမှာသာ ခံစားရနိုင်သည်ဟု ဝေး တစ်ထစ်ချယုံကြည်ထား၏။

ရုတ်တရက်။

" အာ့...မောင် ''

ပိုင်စေ မပြောမဆိုနှင့် ဝေးရဲ့ဂုတ်သားလေးအား နီရဲလုမတတ်ကိုက်ခဲလိုက်တော့ ဝေးဆီမှ ညည်းသံသဲ့သဲ့ကြားရသည်။

ထိုမျှသာမကသေးဘဲ ပိုင်စေ့ရဲ့ အငယ်ကောင်ဟာ အစွမ်းကုန်တက်ကြွကာ ဝေးရဲ့နေရာလေးကို ထောက်ထားလေ၏။

" ချစ်တယ်ကွာ ဝေးရာ၊ မောင် ဝေးကိုချစ်တယ် ''

ပိုင်စေ့ လက်တွေကလည်း ဝေးရဲ့ရင်ဘက်အနှံ့ ပွတ်သပ်ကျီစပ်ကာ နေရာနှစ်ခုအား ညှစ်ချေပေးနေပြန်သည်။

" အာ့..မောင်..အင့် မနက်စောကြီး..အာ့ ''

" ခဏလေးပါ ဝေးရာ ''

လက်တွဲဖော် ( My Dear )Where stories live. Discover now