Summary for 295-320

Start from the beginning
                                    

ကျင့်ကြံရေးစင်တာက ကတ်နီက တစ်ကတ်ပဲ ရှိလို့ မိုလေးနဲ့ လင်းရှောင်က ခွဲပြီးတော့ စင်တာကို သွားရတယ်။ အဲဒိမှာတင် ရန်သူတော်ဟောင်း ချိုင်မိသားစုရဲ့ အနွယ်အဖွဲ့တစ်ခု နဲ့ မိုလေး သူငယ်ချင်းတွေ ငြိနေကြပါတယ်။ အကြီးအကဲတွေ ရှိလို့ ကိစ္စကြီးကြီးကျယ်ကျယ်တော့ ဖြစ်မသွားပါဘူး။ 

ကျင့်ကြံရေးစင်တာထဲက ကတ်နီဇုန်ထဲမှာက အခန်း ၃၁ ခန်းပဲ ရှိပါတယ် ဒါပေမယ့် ရေတွက်ကြည့်ရင် အခန်းသုံးဆယ်ပဲ တွေ့ရမှာ ဖြစ်ပြီး တစ်ခန်းကို ဖျောက်ထားပါတယ်။ အဲဒါကတော့ နောက်ပိုင်းအခန်းတွေ ကျရင် ပါပါလိမ့်မယ်။ အဲဒိမှာ ကျင့်ကြံတာကနေ မိုလေး အဆင့်တစ်ဆင့် တက်သွားပါတယ်။ သုံးရက် လည်း ကြာသွားပါတယ်။ သူ့ချစ်ချစ်ကြီး စောင့်နေမှာ စိုးလို့ သုံးရက်ထဲနဲ့ ပြန်သွားပါလေရော။

ကိုယ်တို့ အချစ်တော်ကြီး ယူရှောင်မိုက သူက သွားကျင့်ကြံနေချိန်မှာ သူ့ချစ်ချစ်ကို ဆေးလုံးတွေ သွားရောင်းခိုင်းပါသတဲ့။ အရောင်းအဝယ်က သိပ်မကောင်းတဲ့ အခါကျတော့ အရည်အသွေးမြင့် ဆေးလုံးတွေ ကို ရောင်းရင်ကောင်းမလား လို့ တွေးကြပါတယ်။ ပြီးတော့ သူရှာမတွေ့တဲ့ သုံးဆယ့်တစ်ခန်းမြောက်အခန်းကို လင်းရှောင်ကို သွားမေးတော့ အဲဒိအခန်းက အခန်းတွေရဲ့ အလယ်ခေါင်မှာ ရှိပြီးတော့ သူ့ရဲ့ စိတ်စွမ်းအင်အားက အရမ်းကို ကောင်းမယ်လို့ လင်းရှောင်က ရှင်းပြခဲ့ပါတယ်။ 

ပြီးတော့ သူတို့ နှစ်ယောက် ကတ်တွေ ပြန်လဲပြီးတော့ လင်းရှောင် သုံးမယ့် ကတ်ထဲကို အမှတ်တွေ ပြောင်းပေးပြီး နောက်တစ်နေ့ လင်းရှောင်က ကျင့်ကြံရေးစင်တာကို တစ်ယောက်ထဲ သွားပါတယ်။ မိုလေးကတော့ အခန်းမှာ နေခဲ့ပြီး ဆေးပင်တွေစိုက် ဆေးတွေဖော်နဲ့ ဆယ်ရက် ကြာသွားတယ်။ အဲဒါတောင် လင်းရှောင်က ပြန်မလာသေးတော့ သူ့ဘာသာပဲ ဈေးသွားရောင်းဖို့ ထွက်ခဲ့သည်။ ရောင်းဝယ်တဲ့ နေရာက သူတို့ နေတဲ့ နေရာကနေ မိနစ်လေးဆယ် လျှောက်ရပါတယ်။ အဲဒိနေရာမှာက အဝင်ဝနားက ဆိုင်ခုံတွေက လူတွေ အုံပြီး အထဲရောက်လေ လူနည်းလေပါပဲ။ အဝနားက ဆိုင်ခုံတွေ လိုချင်ရင် အမှတ်တွေနဲ့ ဝယ်ရတယ်။ တစ်ခါ ပေးချေပြီးရင် အဲဒိလူ ကျောင်းကနေ ထွက်သွားတဲ့ အချိန်အထိ အကျုံးဝင်ပါတယ်။ နောက်နားက ဆိုင်ခုံတွေကတော့ ပေးချေဖို့ မလိုပါဘူး။ အဲဒိ ဆိုင်ခုံတွေရဲ့ အပေါ်မှာ တံဆိပ်ပြားတွေ ရှိတယ်။ အဲဒိခုံကို သုံးချင်ရင် တံဆိပ်ပြားကို ယူလိုက်ရုံပါပဲ။ ဆိုင်ခင်းချင်တဲ့သူတွေကလည်း ဆိုင်ခုံမှာ တံဆိပ်ပြား ရှိမရှိကို ကြည့်ပြီး နေရာယူလို့ ရပါတယ်။ တစ်ခါ နေရာရွေးထားရင် လဝက်သုံးခွင့်ရှိပါတယ်။ 

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now