ရေကူးကန်ဝင်ကြေးအပြင် တစ်ခုတည်းသာကျန်တော့သည့် ဘောကွင်းပါ ငှားပေးလိုက်ပြီး ကောင်မလေးကို အရင်သွားဆော့စေလိုက်သည်... အမှန်တော့ သင်းလေးက ဆော့ချင်နေတာဆိုပိုမှန်လိမ့်မည်ထင်...

ကောင်းဇေလင်းကတော့ အပြင်ဘက်မှာသာ ချစ်သူလေးကို ထိုင်စောင့်ရင်း မျောက်ရှုံးအောင်ဆော့နေတဲ့ကောင်မလေး ဘယ်အချိန်မှာ ပြဿနာတက်မလဲဆိုပြီး ရင်တမမနဲ့ စောင့်ကြည့်နေရသည်...

နာရီဝက်လောက်စောင့်ပြီးချိန်မှာတော့ ကောင်းဇေလင်းမျှော်နေသူ ရောက်လာပြီဖြစ်သည်...

လက်မှတ်ရောင်းတဲ့နေရာထိ ဆိုင်ကယ်ကို မောင်းဝယ်လာတာကြောင့် ကောင်းဇေလင်း ထိုင်နေသည့်နေရာကို အလွယ်တကူတွေ့သွားကြ၏...

ရဲတာတို့ အနားရောက်တဲ့အထိ ကိုလင်းက သတိမထားမိသေးတာကြောင့် ရဲတာရော မဝင့်ပါ ကိုလင်းကြည့်နေတဲ့နေရာသို့ လိုက်ကြည့်မိတော့သည်...

"ဘုရားရေ..."

ဝင့်ရတီရဲ့ ဘုရားတသံကြားမှ ကောင်းဇေလင်း ဘေးဘီဝဲကြည့်တော့သည်...

"ညီ... ရောက်ပြီလား..."

ရဲတာကိုမြင်လို့ ပျော်မြူးသွားတဲ့ ကိုလင်းဘဝကို တကယ်စာနာပါတယ်... ရဲတာကတော့ ညီမစုတ်ကို သင်းကူးနေတဲ့ကန်မှာဘဲ နစ်သတ်လိုက်ချင်နေပြီ...

ကောင်းဇေလင်းသည် ကြိုဝယ်ထားတဲ့ ဝင်ခွင့်လက်မှတ်ကို "ညီမရော့..." ဆိုပြီး ဝင့်ရတီအား အလိုက်တသိ ကမ်းပေးလိုက်၏...

ကောင်းဇေလင်းလက်ထဲက လက်မှတ်ကို ဆတ်ကနဲဆွဲယူခံလိုက်ရပြီးတာနဲ့ ဘာဖြစ်ဖြစ်ဂရုမစိုက်တော့ဘဲ ချစ်သူလေးဆီသာ အာရုံပို့ထားလိုက်တော့တယ်... စောနကအထိ ကောင်းဇေလင်း ရင်မောနေရတယ်မဟုတ်ပါလား...

"ညီ ဗိုက်ဆာနေပြီလား..."

ဗိုက်တော့နည်းနည်းဆာနေပေမယ့် ရဲတာ ခေါင်းခါလိုက်ပြီး ရေအရင်ကူးမယ်ဆိုပြီးတော့သာ ပြောလိုက်၏...

"နီတာ... တက်လာစမ်း..."

ဝင့်ရတီ မျက်နှာပူပူနဲ့ လှမ်းခေါ်လိုက်တော့ ဘောကွင်းကိုပင့်ပြီး ကန်ဘောင်ပေါ် ပြေးတက်လာခဲ့သည်...

တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ