(Unicode)
အပိုင်း(၁၇)
လှေနံနှစ်ဖက်နင်းခြင်း"တော်ရုံဘဲ ပြင်စမ်းပါ ရဲတာရယ်..."
ညီမစုတ်ရဲ့ အသံကြားလိုက်ရ၍ တံခါးရှိရာဆီလှမ်းကြည့်ဖြစ်တော့ အမြင်ကပ်စရာ မျက်နှာပေးကြီးနဲ့ ရဲတာကိုကြည့်နေကြောင်း သိလိုက်ရသည်...
နီတာ့ကို မှုန်ကုပ်ပြီး ကြည့်လာတာကြောင့်
"နင့်ဘာသာ တံခါးကိုလော့မချထားတာ..." လို့ ပြောပေးလိုက်တယ်...
အမေကျောင်းသွာပြီဖြစ်တာကြောင့် မောင်နှမနှစ်ယောက်လုံး ချစ်ချစ်တွေဆီသွားဖို့ ဟန်ပြင်နေကြခြင်းဖြစ်၏...
"ငါသွားနှင့်တော့မယ် တံခါးသေချာပိတ်ခဲ့ ကြားလား..."
အမြဲတမ်း ရဲတာကဘဲ ပိတ်နေရတာကို သတ်သတ်ဆရာလာလုပ်တဲ့ ညီမစုတ်...
နီတာ သီချင်းလေးညည်းရင်း အောက်ထပ်ဆင်းလာပြီး အိမ်ရှေ့ထွက်ရန်လှမ်းနေတဲ့ခြေလှမ်းတို့ဟာ နောက်ကိုတစ်လှမ်းချင်းပြန်ဆုတ်လာဖြစ်သည်...
နောက်ဖေးအဝရောက်မှ နောက်ပြန်သွားခြင်းကို ရပ်လိုက်ပြီး ထမင်းစားပွဲပေါ်က ခေါက်မုန့်ဘူးနှစ်ဘူးကိုမြင်လိုက်ရတော့ တစ်ကိုယ်တည်း မျက်စပစ်လိုက်ကာ...
"နီတာတို့က အကြားမြင်ရနေပြီကွ..." လို့ ကိုယ့်ကိုကိုယ်ချီးကျူးလိုက်သည်...
မိသားစုမုန့်ဘူးအရွယ် ကော်ဘူးအကြည်ထဲက ခေါက်မုန့်တွေက သိပ်စားကောင်းမည်မှာ အသေအချာပင်... အဲ့ဒီတော့... ... ...
ကုန်စုံဆိုင်ဆီ ခုန်ပေါက်မြူးထူးစွာ ပြေးလာတဲ့ ကောင်မလေးရဲ့လက်တွေဟာ အရင်နေ့တွေလို လေထဲလွှဲမနေတော့ပေ... ဘာကြောင့်ဆို မုန့်ဘူးကို ပိုက်ထားရလို့ပေါ့...
ဝင့်ရတီရဲ့အမေ ဒေါ်ပြုံးအေးသည် ခေါက်မုန့်ဘူးကို ကိုင်ထားရင်း ကောင်တာမှာ တူယှဉ်တွဲထိုင်နေတဲ့ ကောင်မလေးနှစ်ယောက်ကို သဘောအကျကြီးကျကာ ပြုံးပြုံးကြီး ကြည့်လို့နေ၏...
သင်းတို့နှစ်ယောက် အဆင်ပြေသွားတည်းက ပြုံးအေးတို့ အနားရနေသည်မဟုတ်ပါလား...
YOU ARE READING
တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)
Fantasy21.July.2021 Own Creation