Part(13-1)

1.1K 106 0
                                    

(Unicode)

အပိုင်း(၁၃)
သားမက် ရှာတွေ့ပြီ

သင်တန်းရှိ၍ မနက်၈နာရီထဲကထကာ မျက်နှာသစ် သွားတိုက်လုပ်ပြီး အပေါ်ထပ်ပြန်တက်ရန်ပြင်ချိန် ကားတစ်စီးအိမ်ရှေ့မှာလာရပ်သံကြား၍ ထွက်ကြည့်မိသည်...

အနက်ရောင်ပြိုင်ကားကိုတွေ့လိုက်ရချိန် ကားထဲကလူက ဘယ်သူမှန်းသိနေပြီဖြစ်သည်...

အိမ်မှာအမေရှိနေသည်ကြောင့် အိမ်ရှေ့အမြန်ပြေးထွက်သွားပြီး ကားထဲကထွက်လာသူကို

"ခင်ဗျား ဘာလာလုပ်တာလဲ..." လို့ လေသံမာမာနဲ့ မေးလိုက်သည်...

အမေ မတွေ့ခင် မြန်မြန်ပြန်ခိုင်းမှဖြစ်...

"ကိုယ် နီတာ့ကို လာတွေ့တာ... ခေါ်ပေးလို့ရမလား..."

အတွေးတောင်မဆုံးသေးဘူး ပြောလာတဲ့စကားကြောင့် ရဲတာမျက်နှာ မဲထွက်သွားသည်...

ဆူဆောင့်ပြီး အိမ်ထဲပြန်ဝင်သွားတဲ့ကောင်လေးကိုကြည့်ပြီး အသည်းတယားဖြစ်ကျန်ခဲ့ရသည့် ကောင်းဇေလင်းမှာ နှုတ်ခမ်းကိုလက်သီးစုပ်နဲ့ကွယ်ကာ ရယ်လို့နေ၏...

ရဲတာ အိမ်ထဲဝင်ပြီး သိပ်မကြာလိုက် နီတာက တဝှားဝှားသန်းပြီး အိမ်ထဲက ထွက်လာတော့သည်...

"ဝှား... ဘယ်လိုဖြစ်ပြီး အစောကြီးလာရတာလဲ..."

အိပ်ရေးမဝသေးတဲ့ အသံနဲ့မေးလာခဲ့သည်...

"ညီမကို ပြောစရာရှိတာ ညရောက်တဲ့အထိ မစောင့်နိုင်တော့လို့..."

နီတာ အိပ်ချင်သေးသည်ကြောင့် စိတ်ပါကြည်မနေ... ဒါကြောင့် ဘောင့်ဆတ်ဆတ်နဲ့ ပြန်ပြောလိုက်သည်...

"မစောင့်နိုင်ရင်တောင် ဒီလောက်အစောကြီးတော့ မလာနဲ့လေ..."

ညီမဖြစ်သူနဲ့ စကားရပ်ပြောနေတဲ့သူကို အိမ်ထဲကနေ လှမ်းကြည့်နေဖြစ်တုန်း ရဲတာဘေးမှာ လာရပ်ကာ စူးစမ်းသလိုမေးလာသည့်အမေ...

"အဲ့တာဘယ်သူလဲသိလား..."

အမေက အိမ်ရှေ့ကို မေးဆတ်ပြပြီး မေးလာတာကို စိတ်အချဉ်ပေါက်နေတဲ့အချိန်မို့

တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)Where stories live. Discover now