Part(17-2)

1.2K 106 0
                                    

(Unicode)

"အမေရေ ကိုလင်းလာပြီ... သွားတော့မယ် မြန်မြန်လုပ်..."

အိမ်ရှေ့က သမီးဖြစ်သူရဲ့ အော်သံကြောင့် ထမင်းချိုင့်ကို ကမန်းကတမ်းဆွဲပြီး ပြေးထွက်လာရသည်...

"နင့်အစ်ကိုကို မစောင့်တော့ဘူးလား..." လို့ မေးလိုက်တော့...

"သင်တန်းကနေတစ်ခါတည်းလာခဲ့မယ်တဲ့..."

"အဲ့တာဆို နင့်အစ်ကိုအတွက် အဝတ်စားအပို ယူသွားပေးလိုက်ဦး..." လို့ ပြောပြီး အိမ်ပေါ်ထပ်အမြန်ပြေးတက်ရပြန်သည်...

အားတက်တရောဖြစ်နေတဲ့ အမေ့ကို နီတာ တကယ်နားမလည်ဖြစ်ရသည်... ကိုလင်းနဲ့ရဲတာအကြောင်းသိသွားရင်ကော အခုလိုဘဲ ပြုမူနိုင်မည်လား...

"သေချာတာတော့ သွေးတက်သွားလိမ့်မယ်..."

ဒီနေ့က ဂျပန်သင်တန်းနောက်ဆုံးနေမို့ မွန်မင်းရေကူးကန်မှာ ရေသွားကူးရန် လက်ဝါးရိုက်ထားကြသည်... နီတာက ကိုလင်းနဲ့အတူ အိမ်ကထွက်ပြီး မဝင့်နဲ့ရဲတာက သင်တန်းပြီးတာနဲ့ လိုက်လာကြမည်ဖြစ်သည်...

ငါးဆင့်ချိုင့်ကြီးဆွဲပြီး ကားထဲဝင်လာတဲ့ကောင်မလေးမှာ ကောင်းဇေလင်း ထိုချိုင့်ကိုကြည့်နေသည်မှန်းသိတော့...

"ဗိုက်ဆာရင်စားလို့ရအောင် လက်ဖက်သုပ် ဂျင်းသုပ်နဲ့ ထမင်းထည့်ပေးလိုက်တာ..."

နီတာ့အမေတစ်ယောက် အပိုဝင်ငွေကုန်မှာစိုးသည်ထင်ပါ့... ထည့်ပေးလိုက်တဲ့ ထမင်းသုံးချိုင့်နဲ့တင် အိမ်ထဲကနေ ကားပေါ်အထိ သယ်လာရတဲ့ငါးဆင့်ချိုင့်ကြောင့် လက်အံပါပြုတ်ချင်လာတယ်...

အိမ်ရှေ့ကထွက်သွားတဲ့ကားလေးကိုကြည့်ရင်း ပီတိဖြစ်ကျန်ခဲ့သူ ဒေါ်နီတာရဲ ဤသို့တွေးနေ၏...

နီတာရဲ ထင်နေသလို သမီးဖြစ်သူက လှေနံနှစ်ဖက်နင်းတာ မဖြစ်နိုင်တော့ဘူး... ဘာလိုဆို သားလင်းဘက် ပိုအလေးသာနေလို့ပေါ့...

ရုံးပိတ်ရက်ဖြစ်သည်ကြောင့်ထင်ပါ့ နီတာတို့ ရေကူးကန်ရောက်တဲ့အချိန်မှာ လာရောက်လည်ပတ်သူက ကျိတ်ကျိတ်တိုးနေသည်မဟုတ်သော်လည်း အတော်အသင့်တော့ များနေပြီဖြစ်သည်...

တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)Hikayelerin yaşadığı yer. Şimdi keşfedin