(Unicode)
အပိုင်း(၁၂)
ကျိန်စာအသက်ဝင်ခြင်း"တကယ်မသွားဘူးလား..."
"မသွားဘူး..."
လုံးဝစိတ်ဆုံးဖြတ်ထားတဲ့ပုံစံနဲ့ကို ပြတ်ပြတ်သားသားပြောလာခဲ့သည်...
လက်ရှိအခြေနေဟာဆိုရင်ဖြင့် သင်တန်းမတက်တော့ဘူးလို့ ဆုံးဖြတ်ထားကာ မနက်စာမုန့်ဟင်းခါးကိုစိန်ပြေနပြေစားနေသည့်နီတာအား သင်တန်းသွားခါနီး ရဲတာက သေချာအောင်မေးနေခြင်းပင်ဖြစ်၏...
ကျောင်းထမင်းချိုင့်ထုတ်နေသည့် ဒေါ်နီတာရဲမှာ သားဖြစ်သူအား လှမ်းငေါက်တော့သည်...
"ကလေးက မသွားဘူးလို့ပြောနေတာကို ဘာလို့ရစ်နေတာလဲ... ကိုယ့်ဘာသာ သွားစရာရှိတာသွား..."
"... ... ..."
မသွားဘူးလို့ဆုံးဖြတ်ထားတဲ့ နီတာပါ ကြောင်အမ်းသွားသည်... ဒါ နီတာ့အမေရော ဟုတ်ရဲ့လား... ဘာတဲ့ ကလေးတဲ့... အခု နီတာကို ကလေးလို့ သုံးနှုန်းလိုက်တာလား...
ပုံမှန်ဆို မတက်ရအောင် အလကားတက်ရတဲ့ သင်တန်းထင်နေတာလား... သွားတက်စမ်း! ဆိုပြီး အဟောက်ခံရမှာလေ... အဲ့တာမှ ပုံမှန်ဖြစ်မှာပေါ့...
ရဲတာနားကပ်ပြီး ကပ်တိုးလေးပြောမိသည်...
"အမေ့ကို ဆေးခန်းပြသင့်လား... ပုံမှန်မဟုတ်သလိုဘဲ..."
ရဲတာ မထောက်ခံဘဲ ခေါင်းခါပြလိုက်တယ်...
"ပုံမှန်ပါဘဲ..." လို့ ပြောပြီး တစ်ယောက်တည်း သင်တန်းသို့ထွက်လာခဲ့လိုက်၏...
သင်တန်းချိန် ၂နာရီလုံး မဝင့်ရဲ့အကြည့်တွေဟာ ရဲတာဘေးက နေရာလွတ်ထံ အကြိမ်မရေမတွက်နိုင်အောင် ကျရောက်လာခဲ့သည်...
အိန္ဒြေတောင် မဆည်နိုင်တဲ့အထိ ဖြစ်နေတာကြောင့် ရဲတာ လေသံဖြင့် ခပ်မဲ့မဲ့ပြောလိုက်သည်က...
"လူရှိတုန်းကကျ မသိချင်ယောင်ဆောင်ပြီး နေရာလွတ်ဖြစ်တော့မှဘဲ တသသနဲ့ကြည့်နေတယ်..."
နေရာလွတ်လေးတစ်ခုက တကယ့်ကိုရင်ပူစရာကောင်းလွန်းသည်... အတန်းပြီးသွားချိန်မှာတော့ မနေနိုင်တော့ဘဲ ရဲတာဆီ သွားကာ မေးကြည့်မိတော့သည်...
YOU ARE READING
တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)
Fantasy21.July.2021 Own Creation