Part(18)

1.1K 104 0
                                    

(Unicode)

အပိုင်း(၁၈)
ကျန်ရစ်သူ

"အဟင့် ကိုလင်း..."

ရင်ခွင်ထဲပြေးဝင်လာတဲ့ ချစ်သူလေးရဲ့ ကျောပြင်လေးကို ခပ်ဖွဖွပုတ်ပေးမိသည်...

"ဘယ်လိုဖြစ်တာလဲ ညီရယ်..."

ရဲတာ ဖြေမဆည်နိုင်စွာငိုနေမိသည်... ကိုလင်းမေးတာကို ပြန်ဖြေဖို့လဲ အားမရှိပါ... ရဲတာ ရေရွတ်မိတဲ့တစ်ခုတည်းသော စကားကတော့...

"မေကြီးရဲ့ နောက်ဆုံးအချိန်မှာတောင် ကျွန်တော်တို့ တွေ့ခွင့်မရလိုက်ဘူး..."

"သားရဲတာ ဧည့်သည်ကို အိမ်ထဲခေါ်ခဲ့လေကွယ်..."

တီလေးက အပြင်ထွက်ပြီး ပြောလာတာကြောင့် ကောင်းဇေလင်းတို့ အိမ်ထဲဝင်လာဖြစ်သည်...

မနက်၅နာရီ ဝေလီဝေလင်းအချိန်သာရှိသေးသော်လည်း အိမ်ထဲတွင်တော့ ရပ်ကွက်ထဲက လူကြီးတစ်ချို့ရောက်နှင့်နေကြပြီဖြစ်သည်...

ကောင်းဇေလင်း ‌နီတာလေးကို စိုးရိမ်တကြီးဝေ့ဝဲရှာမိတော့ အဖွားဓာတ်ပုံနားမှာ ဒူးလေးပိုက်ထိုင်နေကာ အဖွားဖြစ်သူကိုသာ တိတ်တဆိတ်ထိုင်ကြည့်နေသည်ကို တွေ့လိုက်ရသည်...

ကောင်းဇေလင်းတို့ နီတာ့အနားမှာသွားထိုင်လိုက်သော်လည်း သိပုံမရပေ... သူ(မ)ရဲ့အဖွားပုံကို ခံစားချက်မဲ့နေတဲ့ပုံစံလေးနဲ့သာ ငေးကြည့်လို့နေသည်... ရှိုက်ကြီးတငင်ငိုမယ်ထင်ထားသော်လည်း ကောင်မလေးက မထင်ထားရလောက်အောင်ကို တိတ်ဆိတ်လျက်ရှိနေ၏...

ကောင်းဇေလင်းပခုံပေါ်မျက်နှာအပ်ကာ ငိုနေသည့် ချစ်သူလေးကတော့ ရှိုက်သံလေးတွေပင်ထွက်လို့နေပြီဖြစ်သည်... မောမည်စိုး၍ မငိုတော့ရန် ချော့ပြောချင်ပေမယ့်လဲ ပြောမထွက်ခဲ့... ကောင်းဇေလင်းတောင် မယုံနိုင်ဖြစ်နေရသည်ကို သူတို့လေးတွေသာဆို ဘယ်လောက်များ ဖြေမဆည်နိုင်ဖြစ်နေကြမည်နည်း...

"အဖွားက ရုတ်တရက်ကြီးဘယ်လိုဖြစ်တာလဲဗျာ..."

ဘေးမှာထိုင်နေသည့် အဒေါ်ကို မေးကြည့်လိုက်တော့ တအိအိနဲ့ငိုလာပြီး...

တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)Where stories live. Discover now