Part(13-2)

1.2K 95 0
                                    

(Unicode)

မနက်စာစားနေချိန် ကြားလိုက်ရတဲ့ ကားသံကြောင့် လက်ထဲကဇွန်းပါ လွတ်ကျသွားသည်...

ထပ်လာပြန်ပြီလား!...

"ဟမ် ဘယ်ရောက်သွားတာလဲ..."

စောနကအထိ ထမင်းဝိုင်းမှာ မိသားစုသုံးယောက် မနက်စာလက်စုံစားနေပေမယ့် အခုတော့ ရဲတာတစ်ယောက်တည်း ကျန်တော့တယ်...

ကောင်းဇေလင်းကို အိမ်ရှေ့ထွက်ကြိုလာတဲ့ သားမိနှစ်ယောက်ကြောင့် လန့်ဖြန့်သွားရသည်... မလန့်လို့လဲမဖြစ်ပါ သားမိနှစ်ယောက်လုံးက လူကို မတူညီတဲ့အဓိပ္ပာယ်နဲ့ ရွှင်းရွှင်းစားစားကြည့်ကာ ပြုံးနေတယ်မဟုတ်ပါလား...

"သားလင်း ဘာလာလုပ်တာလဲ..."

"... ... ..."

သား... သားလင်းတဲ့လား... ကောင်းဇေလင်းကို သားလင်းလို့ ခေါ်လိုက်တာလား...

ကောင်းဇေလင်း အူတူတူနဲ့ ဘာမှပြန်မဖြေနိုင်ဖြစ်နေသည်ကြောင့် နီတာက အစားဝင်ဖြေပေးလိုက်သည်...

"သမီး အုန်းနို့ခေါက်ဆွဲစားချင်တယ်ပြောထားလို့ လာပို့ပေးတာ..."

"ဪ... ဟုတ်လား သားလင်းက ဂရုစိုက်တတ်လိုက်တာ..."

"... ... ..."

ကောင်းဇေလင်း စကားပြန် ရှာရတော့မလား... ဒီအန်တီပြောနေတဲ့ စကားရဲ့ဆိုလိုရင်းကို နားမလည်တော့လို့...

"လာသား အိမ်ထဲဝင်..." ဆိုပြီး အတင်းတွေခေါ်လာသည်ကို အတင်းတွေပြန်ငြင်းလိုက်ရသည်...

"ညီမ ကိုယ်ဆိုင်မှာဘဲစောင့်နေမယ်..."

"ဟုတ်..."

အမေ့လုပ်ပုံကြောင့် လန့်ပြေးသွားသူကို အိမ်ထဲကနေလှမ်းကြည်ပြီး ရယ်နေရသည်... သေချာတယ် နောက်လာရဲတော့မှာမဟုတ်ဘူး...

အမေတို့ အိမ်ထဲပြန်ဝင်လာတော့ ရဲတာ ဟန်မပျက် ထမင်းစားပွဲမှာ ပြန်ထိုင်လိုက်သည်...

"ကောင်လေးက ဘာဆိုင်ဖွင့်ထားတာလဲ..."

အိမ်ထဲဝင်လာရင်း ဘေးကသမီးကို မေးလိုက်သည်...

"အရုပ်ဆိုင်..."

မဆိုးဘူး... လုံးဝမဆိုးဘူး... လို့ စိတ်ထဲကနေ အမှတ်ပြည့်ပေးနေသည့် ဒေါ်နီတာရဲ...

တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)Where stories live. Discover now