Part(16-2)

1.2K 98 0
                                    

(Unicode)

"အား! အမေကလဲ ယောက်ျားလေးတစ်ယောက်အိမ်မှာ ဘာလို့သွားအိပ်ရမှာလဲ..."

ကိုလင်း မတော်တဆဒဏ်ရာရလို့ ရဲတာက သွားအိပ်စောင့်မည်ဖြစ်ကြောင်း အမေ့ထံခွင့်တောင်းနေရာကနေ နီတာ့ကိုပါ အတင်းလိုက်ခိုင်းနေတဲ့ ဇွတ်အမေကြောင့် ရဲတာကို အိမ်လိုက်ခေါ်ပေးတဲ့ မနဒီပါ မျက်လုံးပြူးနေပြီဖြစ်သည်...

နီတာရဲ ကြိုးစားမှု ရှုံးနိမ့်သွား၍ သားဖြစ်သူကိုသာ ထည့်ပေးလိုက်ရတော့သည်...

"သားလင်းက သူ့မိဘတွေနဲ့ အတူမနေဘူးလား..."

ကားထဲဝင်သွားတဲ့ သားဖြစ်သူကို ကြည့်နေရင်း ဘေးကသမီးစုတ်ကို မေးလိုက်၏... သို့သော် သမီးစုတ်က ပြန်မဖြေလာခဲ့... အိမ်ပေါ်တောင် တက်သွားသေးတယ်...

ကောင်းဇေလင်းရဲ့ ပြိုင်ကားကို တစ်ချိန်လုံးမျက်စောင်းထိုးနေတဲ့ နဒီမှာ နောက်ဆုံး ကားမောင်းခွင့်ရသွား၍ ထကမတတ်ပျော်နေသလို လမ်းကျိုလမ်းကားတွေပါမကျန် ပတ်မောင်းရင်း အချိန်ဆွဲလို့နေသည်...

"လေပြည်အေး သူ့ထက်၁၀နှစ်ကျော်ကြီးတဲ့သူနဲ့ တွဲနေတာ ညီမလေးက ဘယ်လိုသိတာလဲ..."

"လေပြည်အေးကိုယ်တိုင် လိုက်ပြောထားတာလေ..."

ဒီနေ့ ရဲတာ စာသင်ရတာ အဖွဲ့(၁)မဟုတ်သော်လည်း တစ်ခါက လေပြည်အေး သူ့ထက်အသက်ကြီးတဲ့သူနဲ့တွဲနေကြောင်း ပြောပြခဲ့တဲ့ အဖွဲ့(၁)ကောင်မလေးကို သွားမေးကြည့်လို့ သိလာရသည့် အကြောင်းအရာတစ်ခုက အတွေးထဲ ခဏခဏဝင်လာသည်...

ညစာသင်ချိန်ရှိ၍ စာသင်ပြီးမှ ထိုသူ့ကို ညအိပ်စောင့်ပေးမယ်လို့ပြောခဲ့သည်ကြောင့် ထိုသူ့ဆီသွားတဲ့အချိန်ဟာ ည၁၀နာကျော် ၁၁နာရီနီးပါးအချိန်မို့ မြို့လမ်းမတွေထက်မှာ လူအသွားအလာရှင်းနေပြီဖြစ်သည်... ရဲတာ ကားမှန်ကိုမှီပြီး လမ်းဘေးကအိမ်တွေကိုငေးကြည့်ရင်း...

"ကိုကောင်းဇေလင်းနဲ့လေပြည်အေးက တွဲခဲ့တာမဟုတ်ဘူးလား..."

ကားမောင်းတာအရှိန်ရနေတဲ့နဒီမှာ ထိုစကားကြောင့် ကားဘရိတ်အုပ်လိုက်ပြီး ရဲတာအား အထူးအဆန်းနှယ်ကြည့်လာတော့သည်...

တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)Where stories live. Discover now